Ch 61.2

594 42 0
                                    

Ch 61.2

‌ရဲ့ရှောင်လန်၏သား ကျုံးကျစ်ဖန်က အခုနှစ်တွင် 7 နှစ်ရှိပြီး ပထမတန်း တက်နေသည်။ ခြင်္သေ့လို ထက်မြက်ပြီး သန်မာကာ အလွန်ချစ်ဖို့ကောင်းသည်။ရှောင်လန်၏သား ကျုံးကျစ်ဖန်က အခုနှစ်တွင် 7 နှစ်ရှိပြီး ပထမတန်း တက်နေသည်။ ခြင်္သေ့လို ထက်မြက်ပြီး သန်မာကာ အလွန်ချစ်ဖို့ကောင်းသည်။

သူက စကားအရမ်းပြောတတ် နှုတ်ချိုပြီး ဝင်လာတာနဲ့ "ဘိုးဘိုး ဖွားဖွား သားတို့ ဘိုးဘိုးတို့ကို လာကြည့်တာ အရမ်းလွမ်းတာဘဲ" ဟု အော်ပြောသည်။

ဘိုးဘိုးနဲ့ ဖွားဖွားက ကန်တုံဘာသာစကားဖြစ်ပြီး အဘိုး အဖွားတို့ရဲ့ ချစ်စရာ နာမည်များ ဖြစ်သည်။
(‌公公、婆婆是粤语中叫外公、外婆的亲切称呼.)

ရှဟုန်က သူမရဲ့ ချစ်စဖွယ်‌မြေးလေးကို မြင်တဲ့အခါ ရယ်မောပြီး သူ့ရဲ့ ချိုမြိန်တဲ့ စကားကို ကြားတဲ့အခါ ပျားရည်စားလိုက်ရသလို ခံစားလိုက်ရသည်။

(ဒီမှာ 小外甥 လို့သုံးထားပါတယ်။ အစ်မရဲ့သား သို့မဟုတ် ဝမ်းကွဲရဲ့သားလို့ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ ရဲ့ရှောင်လန်က ရှဟုန်ကို အမေလို့ ခေါ်ပါတယ်။ ခေါင်းစားသွားလို့ မြေးလို့ဘဲ သုံးလိုက်ပါမယ်။)

သူမက သူမမြေးကို ပွေ့ဖက်ပြီး ခေါင်းကို ပွတ်သပ်ကာ  "အားယား ဖွားဖွားရဲ့ ဖန်ဖန်လေး ဖွားဖွားကလည်း မြေးကို လွမ်းပါတယ်။ လာလာလာ ဖွားဖွားက မြေးလေးအတွက် စားလို့ကောင်းတာတွေ ပေးမယ်နော်။"

စားကောင်းတာ ရှိတယ်လို့ ကြားတဲ့အခါ ဖန်ဖန်လေးက  မျက်လုံး‌လခြမ်းလို ဖြစ်သွားတဲ့အထိ ပြုံးကာ "ဟုတ်ကဲ့~"

သူက ဖွားဖွားအိမ်ကို လာတိုင်း ဖွားဖွားက အဆာပြေမုန့်တွေ အများကြီး ပေးစားလေ့ရှိတာကြောင့် အရမ်းပျော်ရွှင်သည်။

အိမ်နဲ့မတူတာက အိမ်မှာက သူ့အမေက သူ နည်းနည်းစားပြီးတာနဲ့ သိမ်းသွားပြီ။ ဘယ်လိုလုပ်လုပ် သူကို အများကြီး မစားခိုင်းပေ။

သူတို့လာတာကို မြင်တဲ့အခါ ရဲ့ရှောင်ယွီက "အစ်မ ခဲအို စားပွဲပေါ် ဟင်းပွဲတွေ တင်ပြီးပြီ။ အဲမှာ စားရင်းနဲ့ စကားစမြည်ပြောကြတာပေါ့။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now