Ch 24

1.6K 186 0
                                    

Ch 24

Mall မှာ ဝယ်ယူတဲ့ စနစ်လမ်းကြောင်းပြခြင်းက နောက်ပိုင်းမျိုးဆက်များကဲ့သို့ ကားပေါ်တွင်တပ်ဆင်ထားသည့် လမ်း‌ကြောင်းပြစနစ် မဟုတ်သော်လည်း Mall ရဲ့ စနစ်လမ်းညွှန်မှု ဖြစ်သည်။

ကျန်းဟွေ့က ၎င်းကိုဝယ်ယူပြီးနောက် နိုင်ငံတစ်ခုလုံးရဲ့ မြေပုံအစစ်က သူမခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ကျန်းဟွေ့က သူမရဲ့အတွေး သို့မဟုတ် အသံဖြင့် Mall စနစ်ရဲ့ လမ်းညွှန်မှုကို အသက်သွင်းနေသရွေ့ သူမရဲ့ခေါင်းအတွင်းရှိ စနစ်တစ်ခုက သူဦးတည်ရာသို့ အလိုအလျောက် လမ်းညွှန်ပေးမည် ဖြစ်သည်။

တစ်နည်းအားဖြင့် Mall ရဲ့ လမ်းကြောင်းပြစနစ်ကို ဝယ်ယူပြီးနောက် သူမက လမ်းကြောင်းပြတဲ့သူကဲ့သို့ ဖြစ်ပြီး နိုင်ငံအနှံ့ ခရီးသွားရန် မကြောက်တော့ပေ။
(သူ‌မပြောချင်တာက မရင်းနှီးတဲ့ နေရာကို သွားရင်တောင် သူမခေါင်းထဲ Google maps လိုမျိုး ရှိနေလို့ လမ်းပျောက်မှာ မကြောက်ရတော့ဘူးလေ။)

မှောင်မိုက်ပြီး တိတ်ဆိတ်နေတဲ့ ညကြောင့် ကျန်းဟွေ့ ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်။

သူမက ကားကို အမှောင်ထဲမှာ သတိကြီးကြီးထားပြီး ဂရုတစိုက် မောင်းနှင်လာခဲ့သည်။

ကားမောင်းနေစဉ် Mall ဝန်ဆောင်မှု ပေးနေတဲ့ ရှောင်ရှန်ကို ကျန်းဟွေ့က "ရှောင်ရှန် Mall မှာ ရှိတဲ့ တိုက်ခိုက်ရေး ပုံစံတူ စက်ရုပ်ရှ်ိလား။ ရှိရင် မြန်မြန်မိတ်ဆက်ပေး။"

သူမက Mall တွင် အကြွေစေ့ သုံးသန်းကျော် ရှိနေသေးတာကြောင့် ဝယ်နိုင်သည်။ အစောင့်အဖြစ် စက်ရုပ်အနည်းငယ်ကို တတ်နိုင်သည်။

ဝန်ဆောင်မှုပေးတဲ့ ရှောင်ရှန်က "host အနိမ့်ဆုံး၊ အလယ်အလတ်နဲ့ အမြင့်ဆုံး တိုက်ခ်ိုက်ရေးအမျိုးအစား ဉာဏ်ရည်ဉာဏ်သွေးနဲ့တူတဲ့ စက်ရုပ်များ ရှိပါတယ်။ အနိမ့်ဆုံး အမျိုးအစားက အကြွေစေ့ 100,000၊ အလယ်အလတ် အမျိုးအစားက အကြွေစေ့ 500,000 ဖြစ်ပြီး အမြင့်ဆုံးက အကြွေစေ့ 1 သန်း ဖြစ်ပါတယ်။ ဘယ်အမျိုးအစား ဝယ်ချင်ပါသလဲ။"

ကျန်းဟွေ့က "အဓိက တိုက်ခိုက်ရေးအမျိုးအစား ဉာဏ်ရည်တူ‌ စက်ရုပ်တွေရဲ့ လုပ်ဆောင်ချက်က ဘာတွေလဲ။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now