Ch 18

1.8K 212 6
                                    

Ch 18

လုအားဖုစ်က ခေါင်းညိတ်ပြပြီး လေးနက်သော မျက်နှာဖြင့် "အဖေ ကျွန်တော် ကြိုးစားပါမယ်။"

သူ့ကိုယ်သူ သိသည်။ သူက အစိုးရပိုင် စားသောက်ဆိုင်တွင် နှစ်‌အတော်ကြာ အလုပ်လုပ်ခဲ့သော်လည်း ပိုင်ရှင် ဖြစ်သူရဲ့ စေတနာကို အားကိုးနေရသည်။ လက်မှုပညာအနည်းငယ်ကို သင်ယူပြီးနောက် ပုံမှန်တွေးခေါ်မှုနဲ့အတူ မာစတာစားဖိုမှူး အနားယူပြီးနောက် ကျွန်တော်က တရားဝင် စားဖိုမှူး ဖြစ်လာခဲ့သည်။

ဒါပေမဲ့ အတွင်းလူတွေရဲ့ အမြင်မှာတော့ ကျွန်တော်ရဲ့ လက်ရာက ‌သာလွန်ကောင်းလှတာ မဟုတ်ပေ။

သူက အစိုးရပိုင် စားသောက်ဆိုင်တွင် စားဖိုမှူးငယ် တစ်ဦးဖြစ်ခဲ့သော်လည်း မာစတာစားဖိုမှူးဖြစ်ရန် ဝေးနေသေးသည်။

အစပိုင်းတွင် တခြားသူများကဲ့သို့ပင် Kitchen God Gourmet Store ဆိုင်ပိုင်ရှင်သည် အမှန်တကယ် မာနကြီးသည်ဟု သူခံစားမိသည်။ အစားအသောက်က အရသာမရှိဘူး။ ဒါကို လူတွေက ချဲ့ကားပြောဆိုနေတာ။

ဒါပေမဲ့ သူတို့တွေက စကားအလွန်အကျွံ ပြောဆိုခြင်းမရှိဘဲ ဟင်းချက်ခြင်း အတတ်ပညာနဲ့ သက်သေပြခဲ့ပြီး အလွန်ကောင်းမွန်လှသည်။

ဆိုင်အတွင်း လူပြည့်နေပြီး Kitchen God Gourmet Store ဆိုင်ရဲ့ စားဖိုမှူးလုပ်ထားတဲ့ အစားအသောက်ကို စားပြီးရင်း ထပ်စားချင်နေကြကာ သူအပါအဝင် အားလုံးအတူတူဘဲ ဖြစ်သည်။

ဒီဟင်းချက်နည်းက ထိပ်တန်းဖြစ်ပြီး သူ သင်ယူချင်တာ ဖြစ်သည်။ ထို့အပြင် စားသောက်ဆိုင်က သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံပြီး သူလည်းဘဲ ၎င်းကို အလွန်မြတ်နိုးသည်။

နောက်နေ့ အလုပ်သွားတော့ ကျန်းဟွေ့က သူ့ကို ခြောက်နာရီလို့ ပြောပေမဲ့ ငါးနာရီ သွားခဲ့သည်။

လုအားဖုစ်က အချိန်ပိုင်း အလုပ်လုပ်နေတဲ့ ရဲ့ရှောင်ယွီ သူထက် စောစောရောက်နေတာကို တွေ့တော့ နှလုံးတင်းကြပ်လာပြီး ကျန်းဟွေ့ကို အမြန်ပြောခဲ့သည်။ "သူဌေးလေး တောင်းပန်ပါတယ်။ ကျွန်တော် နောက်ကျသွားတယ်။"

ကျန်းဟွေ့က သူ့ကို ပြုံးပြပြီး "ဆရာလု နောက်ကျတာမဟုတ်ဘူး။ ခြောက်နာရီမှ လာလို့ရတယ်လို့ ပြောခဲ့တယ်လေ။ ဘာလို့ အစောကြီးလာတာလဲ။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now