Ch 46.2

913 99 0
                                    

Ch 46.2

ရဲ့နင်းရှန်က "ကွာရှင်းပြီးရှင့် အိမ်ပြန်လိုက်ပါ။ ကျွန်မ မျက်စိရှေ့မှာ မနေပါနဲ့။" ဟု အေးစက်စွာ ပြောလိုက်သည်။

ကျန်းကျင်းတုန်က သူမကို မယုံနိုင်စွာဖြင့် ကြည့်ပြီး "မင်း ငါကို တကယ် မောင်းထုတ်နေတာလား။" ဟု ပြောရင်း ရုတ်တရက် စတိုးဆိုင်တွင် အလုပ်လုပ်နေတဲ့ အရပ်ရှည်ရှည် အမျိုးသားများအကြောင်းကို ရုတ်တရက် တွေးလိုက်မိသည်။

"အားရှန် မင်းအပြင်မှာ တစ်ယောက်ယောက် ရှိနေတာလား။ အဲဒါကြောင့် မင်းက ငါ့ကို ကွာရှင်းချင်နေတာလား။"

ရဲ့နင်းရှန်က သူ့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်တာကြောင့် သူ့ခေါင်းက တစ်ဖက်ကို လှည့်သွားပြီး တုန်လှုပ်သွားသည်။

ရဲ့နင်းရှန်က ဒေါတသကြီးဖြင့် "ခင်ဗျား စကားကောင်းကောင်း မပြောနိုင်ရင် ပါးစပ်ပိတ်ထား။ ဘာဖြစ်နေတာလဲ မသိဘူးလား? ခဗျားကို လက်ထပ်ပြီးကတည်းက ကျွန်မ ကောင်းကောင်းနေခဲ့ရလား? သမီးနှစ်ယောက်ရဲ့ ကျူရှင်စရိတ်က ဘယ်လောက်လဲ သိလား? ခဗျား ပေးဖူးလား? အရင်က ကျွန်မ မပြောပေမဲ့ အခု ခဗျားက ပိုက်ဆံမရှာနိုင်ရုံသာမက အကြွေးလည်း  တင်နေသေးတယ်။ ကျွန်မတို့ကို ခဗျားနဲ့ ဘယ်လိုနေစေချင်နေတာလဲ?"

ကျန်းကျင်းတုန်က သူ့အမှားကို သိပြီး မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။ ရောင်ရမ်းနေတဲ့ မျက်နှာဖြင့် သူက "အားရှန် ငါမှားမှန်းသိပါပြီ ငါပြင်ပါ့မယ်။ အခွင့်အရေး နောက်တစ်ကြိမ်လောက် ပေးပါလား။"

ရဲ့နင်းရှန်က အေးစက်စွာ ပြောသည်။ "အရင် ပြန်သွားပြီး စဉ်းစားလိုက်ပါ။ အဲဒါကို အဖြေရှာပြီးရင် ကွာရှင်းတဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်။"

ကျန်းကျင်းတုန်က ခေါင်းခါပြီး "ငါ သေရင်တောင် ကွာရှင်းမှာ မဟုတ်ဘူး။"

ရဲ့နင်းရှန်က လှောင်ပြောင်ပြီး "အမြဲတမ်း ဒါကို လိုချင်နေခဲ့တာ မဟုတ်ဖူးလား။ နောက်အိမ်ထောင်ပြုပြီး သားတစ်ယောက် ရနိုင်တာမို့ ဘာလို့ ကျွန်မကို တွယ်ကပ်နေတာလဲ။"

ကျန်းကျင်းတုန်က သားတစ်ယောက် လိုချင်ပေမဲ့ ကွာရှင်းလိုက်ရင် အကြွေးတင်နေတာကို သိပြီး သူ့ကို ဘယ်သူက လက်ထပ်မလဲ။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းजहाँ कहानियाँ रहती हैं। अभी खोजें