Ch 26

1.5K 171 0
                                    

Ch 26

ကျန်းဟွေ့ အလှဆင်ပုံကြမ်းကို ကြည့်ပြီးတဲ့အခါမှာ ဒီဇိုင်းများက သူမရဲ့ လိုအပ်ချက်နဲ့အညီ လုပ်ဆောင်ရုံသာမက အသေးစိတ်အချက်များကိုပါ တွေ့ခဲ့ရသည်။ ဒီဇိုင်းရေးဆွဲပုံများသည် အစစ်အမှန်ကဲ့သို့ပင် ပြီးပြည့်စုံလှသည်။

ကျန်းဟွေ့က ရဲ့ရှောင်ယွီကို အံ့အားသင့်စွာ ကြည့်ရင်း "အစ်ကိုရဲ့ ဒီဇိုင်းနာက အရမ်းတော်တာဘဲ။ သူက ဘယ်သူလဲ?"

ရဲ့ရှောင်ယွီက ပြုံးပြုံးလေးနဲ့ " သူက တစ်ချိန်တုန်းက နိုင်ငံခြားသွားခဲ့တဲ့ ပါမောက္ခ လိန်ဝမ်ယွမ် ဖြစ်တယ်။ နိုင်ငံခြားမှာ ကျောင်းတက်ပြီးတာနဲ့ ခရိုင်မြို့တော်က တက္ကသိုလ်မှာ ဗိသုကာ ပါမောက္ခ ဖြစ်ခဲ့ပြီး အခု မြို့တော်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ ဒီဇိုင်းနာ အဖြစ် လုပ်နေတာ။"

"အင်ဂျင်နီယာ ဒီဇိုင်း၊ အိမ်တွင်း ဒီဇိုင်း၊ ဥယျာဉ် ဒီဇိုင်းဘဲ ဖြစ်ဖြစ် မစ္စတာလိန်က အရမ်းကျွမ်းကျင်ပြီး သူ့ကို ဗိသုကာပညာရှင်လို့ ခေါ်ကြတယ်။"

ကျန်းဟွေ့က စိတ်ဝင်တစားနဲ့ မေးပြန်သည်။ "ဒီလောက်တော်တဲ့လူ ဘာလို့ Jiang Cheng မှာ ဆက်နေနေသေးတာလဲ။ ခရိုင်မြို့တော် ဒါမှမဟုတ် ယူနစ်ကြီးတစ်ခုက သူ့ကို အလုအယက်မခေါ်ကြဘူးလား။"

ရဲ့ရှောင်ယွီက သက်ပြင်းချရင်း "သူက အစက ပြည်နယ်မြို့တော် တက္ကသိုလ်တစ်ခုမှာ ပါမောက္ခဖြစ်ခဲ့ပေမဲ့ ဖရိုဖရဲဖြစ်တဲ့နှစ်တွေမှာ မစ္စတာလိန်က နာကျင်မှုတွေကို ခံစားရပြီး နှစ်ပေါင်းများစွာ အဝေးပို့ခံခဲ့ရတယ်။"

"ပြန်လည်ထူထောင်ပြီးတဲ့နောက်မှာ မစ္စတာလိန်က သူရဲ့မွေးရပ်မြေ Jiang Cheng မှာ အလုပ်လုပ်သွားလုပ်ပြီး သက်ကြီးရွယ်အိုးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ တောင်းဆိုခဲ့တယ်။ အဲ့ဒါကြောင့် ကျန်ရှိနေတဲ့ အချိန်မှာ  သူ့နှလုံးသားအတိုင်း မြို့တော်ဆောက်လုပ်ရေးကုမ္ပဏီမှာ ဆက်နေနေတာ။"

ကျန်းဟွေ့က အသက်ရှုကြပ်သွားသလို ခံစားရပြီး "ဒါကြောင့် သူ့မွေးရပ်မြေမှာ နေချင်နေတာ အံ့ဩစရာတော့ မရှိပါဘူး။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now