Ch 28

1.4K 159 0
                                    

Ch 28

ဒီနေရာတွင် အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် ကျန်းဟွေ့က ကျန်းဟူကို ဒီနေရာအတွက် ပေးထားတဲ့ ပြုပြင်မွန်းမံရေး ပရောဂျက်က ဘယ်အချိန်တွင် ပြီးစီးမည်ကို မေးခဲ့သည်။

ကျန်းဟူက ဉာဏ်ရည်ဉာဏ်သွေးရှိသော စက်ရုပ်များအားလုံးက တစ်ရက်လျှင် 24 နာရီလုံး အလုပ်လုပ်သဖြင့် တစ်လခွဲအတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားသည်။

ကျန်းဟွေ့က ပြည်နယ်မြို့တော်ရှိ စတိုးဆိုင်က Jiang Cheng မြို့ရှိ ဟိုက်ပါမားကတ်ထက် အရင်ဖွင့်လှစ်နိုင်သည့်အတွက် စိတ်သက်သာရာရသွားသည်။

နေ့လယ်ပိုင်းတွင် သူမက အိမ်ခြံမြေလက်မှတ်ကို ယူပြီး ကျန်းလုံ ကျန်းဖုန်းနဲ့အတူ ကုမ္ပဏီမှတ်ပုံတင်ရန် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဗျူရိုသို့ ထွက်လာခဲ့သည်။

ကျန်းဟွေ့က စီရင်စုမြို့တော်ရှိ ဒီလျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကို မှတ်ပုံတင်ရာတွင် ကျန်းလုံရဲ့ နာမည်ကို အသုံးပြုရန် စီစဉ်ခဲ့သည်။

ကျန်းလုံရဲ့ ID ကတ်က Yang Cheng တွင် ဒေသခံ ဖြစ်ပြီး အနာဂတ်တွင် ကုမ္ပဏီရဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်ရန် ပိုအဆင်ပြေမည် ဖြစ်သည်။

စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဗျူရိုကို ရောက်တဲ့အခါ လူတွေအများကြီး တန်းစီနေတာကို ကျန်းဟွေ့ တွေ့လိုက်ရသည်။

သူမတို့ အလှည့်ရောက်ဖို့ တစ်နာရီနီးပါး တန်းစီစောင့်လိုက်ရသည်။

ကျန်းလုံက ဝန်ထမ်း ပြောပြသလို လျှောက်လွှာပုံစံကြိ ဖြည့်သွင်းပြီး သူရဲ့ ID ကတ်၊ အိမ်ခြံမြေ သက်သေခံလက်မှတ် မူရင်းနဲ့ မိတ္တူ၊ သူရဲ့ ဓာတ်ပုံတို့ကိုလည်း တင်သွင်းခဲ့သည်။

စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဗျူရိုမှ ဝန်ထမ်းများက ကျန်းလုံရဲ့ ID ကတ်နဲ့ အိမ်ခြံမြေ သက်သေခံလက်မှတ် မူရင်းကို စစ်ဆေးပြီး သူတို့ကို ပြန်ပေးကာ မိတ္တူကိုသာ သိမ်းယူခဲ့သည်။

အခုချိန်တွင် လုပ်ငန်းလက်မှတ်ကို လက်ရေးဖြင့် ရေးသားဆဲ ဖြစ်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now