Ch 25

1.5K 171 1
                                    

Ch 25

Kitchen God Gourmet Store ဆိုင်တွင်

ရဲ့နင်းရှန်က ဆိုင်ထဲတွင် ကျန်းဟွေ့နဲ့ ရဲ့ရှောင်ယွီရဲ့ သတင်းကို စိတ်အားထက်သန်စွာ စောင့်နေခဲ့သည်။

ညဆယ်နာရီ ထိုးနေတာတောင် ပြန်မလာသေးတဲ့အတွက် ရဲ့နင်းရှန်က ပိုလိုတောင် စိုးရိမ်လာသည်။

သူမစိတ်ထဲတွင် 'ဟွေ့ဟွေ့ တစ်ခုခုဖြစ်နေတာလား' လို့ မတွေးဘဲ မနေနိုင်ပေ။

ကျန်းဟွေ့က အခုချိန်တွင် သူမတို့မိသားစုရဲ့ အဓိက မဏ္ဍိုင်ဖြစ်ပြီး သူမတစ်ခုခု ဖြစ်သွားပါက သူမ (ရဲ့နင်းရှန်) နဲ့ ကျန်းကျင်းတို့ ဘာလုပ်ရမှာလဲ။

ရဲ့နင်းရှန်က လက်အုပ်ချီပြီး 'ကျွန်မ မိသားစုရဲ့ ဟွေ့ဟွေ့ ဘေးကင်းစွာ ပြန်လာပါစေ။' လို့ ဆုတောင်းနေသည်။

သူမက ထိုစကားကို ထပ်ခါထပ်ခါ ပြောနေသည်..... 15 မိနစ်လောက် ကြာသွားသည်။

ရဲ့နင်းရှန်က စတိုး‌ဆိုင် အပြင်ဘက်တွင် ကားရပ်သံကို ကြားလိုက်သည်။

သူမ ရုတ်တရက် ပျော်ရွှင်သွားပြီး 'သူမ့ဟွေ့ဟွေ့ ပြန်ရောက်လာတာလား။'

ဘုရားသခင်က သူမ ဆုတောင်းသံကို ကြားလိုက်ပုံဘဲ ကျန်းဟွေ့ရဲ့ အသံက တံခါးအပြင်ဘက်ကနေ "အမေ သမီး ပြန်လာပြီ။"

ရဲ့နင်းရှန်က တံခါးကို အမြန်ဖွင့်ပြီး ကျန်းဟွေ့၊ ရဲ့ရှောင်ယွီ၊ ကျန်းလုံနဲ့ ကျန်းဖုန်းတို့ကို ဝင်ခွင့်ပြုလိုက်သည်။

ရဲ့နင်းရှန်က ကျန်းလုံနဲ့ ကျန်းဖုန်းတို့ရဲ့ ပြင်းထန်တဲ့ အရှိန်အဝါကို မြင်တဲ့အခါ ကျန်းဟွေ့ကို သသံဃဖြင့် ကြည့်ပြီး "ဟွေ့ဟွေ့ သူတို့က ....."

ကျန်းဟွေ့က "အမေ သူတို့နှစ်ယောက်က သမီးတို့ မိသားစုရဲ့အဝေးကဆွေမျိုးတွေပါ။ ကျန်းလုံနဲ့ ကျန်းဖုန်းပါ။ သူတို့က မောင်နှမတွေဖြစ်ပြီး တိုက်ခိုက်နိုင်ကြတယ်။ ဒီတစ်ခါ ကံကောင်းစွာနဲ့ သူတို့လိုက် စောင့်ရှောက်ပေးလို့ ဘေးကင်းစွာနဲ့ ပြန်လာနိုင်တာ။"

ရဲ့နင်းရှန်က ကျန်းလုံနဲ့ ကျန်းဖုန်းကို ကျေးဇူးတင်စွာ ကြည့်ပြီး "အားလုံ အားဖုန်း ဟွေ့ဟွေ့ကို ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now