Ch 32

1.3K 134 0
                                    

Ch 32

ပြည်သူ့လုံခြုံရေး အရာရှိ လင်းရိက "ဒါက ကျွန်တော်တို့ တာဝန်ဖြစ်ပြီး ကြိုဆိုလိုက်ပါ။ ကျွန်တော်က လင်းရိပါ။ ဒါက ကျွန်တော့် လုပ်ဖော်ကိုင်ဘက် ဝိန်းယန်ဖန်ပါ။"

ကျန်းလုံက "ကျွန်တော်က ကျန်းလုံဖြစ်ပြီး ဒီကုမ္ပဏီကပါ။ Wan Jie Electric City ရဲ့ တရားဝင် ကိုယ်စားလှယ်နဲ့ တာဝန်ခံ ပုဂ္ဂိုလ်ပါ။"

နှစ်ဖက်လုံး မိတ်ဆက်ပြီးနောက် လင်ရိက ကျန်းလုံကို "ကျန်းလောင်ပန် ဒီသံသဃရှိသူတွေ အားလုံးကို ပြည်သူ့လုံခြုံရေး‌ဗျူရိုဆီ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားရမှာပါ။ သူတို့ကို ကားနဲ့ ပြည်သူ့လုံခြုံရေးဗျူရိုကို လိုက်ပို့ပေးနိုင်မလား ကျန်းလောင်ပန်။ ကျန်းလောင်ပန်လည်းဘဲ သက်သေလုပ်ရမှာ မို့လို့ပါ။"

ကျန်းလုံက ကြိုးချည်ခံထားရတဲ့ လုံကျွမ်းချန်နဲ့ သူ့အဖွဲ့ကို တစ်ချက်ကြည့်ပြီး "ကောင်းပါပြီ ရဲဘော်လင်း။ ကျွန်တော်တို့ဆီမှာ အထောက်အထား တချို့ရှိတယ် လိုအပ်သလား သိချင်ပါတယ်။"

လင်းရိက အံ့အားသင့်စွာနဲ့ "ဘာအထောက်အထားလဲ ကြည့်ရအောင်။"

ကျန်းလုံက လင်းရိနဲ့ ဝိန်းယန်ဖန်ကို စတိုးဆိုင်ထဲ ဖိတ်ခေါ်ပြီး စတိုးဆိုင်ရဲ့ ကွန်ပျူတာကနေ စောင့်ကြည့်ကင်မရာကို ဖွင့်ပြီး လင်းရိနဲ့ ဝိန်းယန်ဖန်ကို ပြခဲ့သည်။

လင်းရိနဲ့ ဝိန်းယန်ဖန်တို့က စောင့်ကြည့်ကင်မရာမှ ဖမ်းယူထားတဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို မြင်တဲ့အခါ အနည်းငယ် ထိတ်လန့်သွားကြသည်။

လင်းရိက ကျန်းလုံကို သိချင်စိတ်ဖြင့် ကြည့်ပြီး "ကျန်းလောင်ပန် ဒါကို ရိုက်ဖို့ ဗီဒီယိုကင်မရာ သုံးလိုက်တာလား။"

ကျန်းလုံက ခေါင်းယမ်းပြီး "ဒါက ဗီဒီယိုကင်မရာ မဟုတ်ပါဘူး။ ကွန်ပျူတာ ထောက်လှမ်းရေး ဗီဒီယိုနဲ့ ရိုက်ထားတာပါ။"

ဒါကို ကြားတော့ ဝိန်းယန်ဖန်က ထိတ်လန့်တကြား မေးသည်။ "ကွန်ပျူတာ စောင့်ကြည့် ဗီဒီယို? ဒီနေရာမှာ ဒီလိုအဆင့်မြင့် စောင့်ကြည့်ရေး ကိရိယာ ရှိတာလား? ဒီကွန်ပျူတာနဲ့ ထောက်လှမ်းရေး ဗီဒီယိုတွေကို ဘယ်ကနေ ထုတ်တာလဲ?"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now