Ch 29.2

1.3K 133 0
                                    

Ch 29.2

သူမရဲ့ မိသားစုကို ဆန့်ကျင်ပြီးထောက်ပံ့ရေးနဲ့ ဈေးကွက်ရှာဖွေရေး သမဝါယမ အဖွဲ့မှ နုတ်ထွက်တဲ့အခါ မရေမတွက်နိုင်တဲ့လူ တော်တော်များများရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး သူမရဲ့ မိသားစုက နားမလည်နိုင်ပေ။

ရိုးရိုးသားသားပြောရရင် သူမ တောင်ဘက်သို့ လာတဲ့အခါ စိုးရိမ်ပြီး မကျေမနပ် ဖြစ်နေသေးသည်။

ဒါပေမဲ့ ကျန်းဟွေ့ရဲ့ အားပေးစကားတွေက သူမ အမှားမလုပ်ခဲ့ဘူးဆိုတာကို ချက်ချင်းခံစားရစေသည်။

သူမက ဒီတစ်ကြိမ် တောင်ဘက်သို့ လာတာက မှန်ကန်တဲ့ လောင်းကစား ဖြစ်သွားသည်။

အချိန်ပိုင်း အလုပ်သမားအဖြစ် တစ်ချိန်လုံး အလုပ်လုပ်ခဲ့တဲ့ ကျန်းဟွေ့က ခုအချိန်တွင် ရှောင်လီရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်သည်။

ရှောင်လီက Yang Cheng သို့ ရောက်သည်နှင့် အလုပ်တစ်ခု ရှာနိုင်ခဲ့သည်မှာ အလွန်ကံကောင်းလှသည်။

အရင်ဘဝက အလုပ်ရှာဖို့ ထွက်လာချိန်မှာ တစ်လခွဲ‌ကျော်လောက် ရုန်းကန်ခဲ့ရပြီး တော်တော်လေး ဒုက္ခရောက်ခဲ့သည်။ နောက်ဆုံးတွင် သူမကို ဆွေမျိုးတစ်ယောက်က ရှာတွေ့ပြီး စက်ရုံတွင် တပ်ဆင်ရေး လုပ်သား အဖြစ် မိတ်ဆက်ပေးကာ ကူညီခဲ့သည်။

သူမက Pearl မြစ်ဝကျွန်းပေါ်ဒေသမှာ ရှိနေသေးတာမလို အလုပ်ရဖို့ ခက်ခဲလှသည်။ ရှောင်လီလို လူတစ်ယောက်သာ တောင်ဘက်ကို လာပြီး အလုပ်ရှာနိုင်တာပါ။

ရှောင်လီနဲ့ တခြားသူတွေက ဒီနေရာတွင် အသိအကျွမ်းမရှိကြဘဲ ငွေရှာရန် စိတ်အားထက်သန်မှုနဲ့ သတ္တိရှိမှုကို အားကိုးပြီး ခေါင်းမပါတဲ့ ကြက်များကဲ့သို့ ဒီနေရာတွင် လှည့်လည်သွားလာနကြသည်။

အလုပ်မရှာနိုင်တဲ့ လူတွေအများကြီး ရှိတာကြောင့် လမ်းပေါ်မှာ အိပ်ပြီး အမှိုက်တွေ ကောက်စားဖို့တောင် လုပ်နိုင်ကြသည်။

ဒီအတက်အကျကို မခံစားဖူးသူက ခါးသီးမှုနဲ့ နာကျင်မှုကို အမှန်တကယ် နားမလည်နိုင်ပေ။

အရင်ဘဝတွင် သူမ (ကျန်းဟွေ့) အလုပ်လက်မဲ့ ဖြစ်ပြီး ပိုက်ဆံမရှိတဲ့အခါ အိပ်ရန် နေရာရှာမရတာကြောင့် တစ်ညလုံး ဆေးရုံ စင်္ကြံန်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့ရသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းDär berättelser lever. Upptäck nu