Ch 20

1.8K 205 0
                                    

Ch 20

ဒီ‌ဘက်ခေတ်မှာ quartz နာရီတွေ၊ အီလက်ထရွန်းနစ် နာရီတွေ၊ လျှပ်စစ်ပန်ကာတွေက ရှားပါးတဲ့ပစ္စည်းတွေပါ။

ကျန်းဟွေ့ ဆိုင်ဖွင့်ထားတဲ့လမ်းက လူတွေနဲ့ စည်ကားနေသည်။

စပီကာရဲ့ အသံ‌ကို ကြားတဲ့အခါ ဖြတ်သွားသော သာမန်လူများက အဖြစ်အပျက်ကို သိချင်စိတ်ဖြင့် ဝိုင်းကြည့်ကြသည်။

မှန်ဗီရိုထဲတွင် ဖက်ရှင်ကျကျနဲ့ လှပတဲ့ နာရီတန်းများကို တွေ့တဲ့အခါ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အားလုံးက အဆုံးမရှိ ချီးကျူးခဲ့ကြသည်။

"အိုး ရွှေလက်ကောက်နဲ့တူတဲ့ ဒီအမျိုးသမီးနာရီက အရမ်းလှတယ်!"

"ဒီအမျိုးသားနာရီက အရမ်းစတိုလ်ကျတယ်။ အဲ့ဒါကိုဝတ်တဲ့အခါ ဘော့စ်တစ်ယောက်နဲ့ တူတယ်။"

"ဒီနှင်းဆီရွှေရောင် အမျိုးသမီးနာရီက အရမ်းလှတယ်၊ ဝယ်ချင်လိုက်တာ!"

နှင်းဆီရွှေရောင် အမျိုးသမီးနာရီကို မျက်စီကျနေတဲ့ အမျိုးသမီး‌ဖောက်သည်က ကျန်းဟွေ့ကို ချက်ချင်းမေးသည်။ "လောင်ပန် ဒီအမျိုးသမီးနာရီက ဘယ်လောက်လဲ?"
(လောပန်=သူဌေး)

ကျန်းဟွေ့က "ဒီအမျိုးသမီး quartz နာရီက ဖက်ရှင်ကျ လှပပြီး ယွမ် 50 ဘဲ ရှိပါတယ်။"

ဒါကို ကြားတော့ လူတိုင်းက အံ့ဩသွားသည်။

"ဒီလိုလှတဲ့ နာရီတစ်လုံးက ယွမ် 50 ဘဲ ရှိတယ်။ တကယ် ဈေးသက်သာတာလား?"

"ဟုတ်တယ် ဘာလို့ ဒီလောက် ဈေးပေါနေရတာလဲ။ အဲ့ဒီနာရီတွေကို ဌာန‌ဆိုင်မှာ တွေ့ခဲ့တယ်။ ဈေးအသက်သာဆုံးက ယွမ် 80 ကျော်ဘဲ။ ပုံမှန်အားဖြင့် ယွမ် 100 ဒါမှမဟုတ် 200 လောက် ပေးရတယ်။"

တစ်စုံတစ်ယောက်က သံသဃဖြင့် မေးသည်။ "လောင်ပန် မင်းက ဈေးပေါတဲ့နာရီ ရောင်းတယ်။ အဲ့ဒီနာရီတွေက အရည်အသွေး ပြဿနာ ရှိနေလို့လား။"

ကျန်းဟွေ့က တည်ငြိမ်စွာ ပြုံးလိုက်ပြီး "ကျွန်မရဲ့ နာရီတွေရဲ့ အရည်အသွေးက လုံးဝထိပ်တန်းပါ။ မြို့ကနေ တင်သွင်းလာတဲ့ ပစ္စည်းတွေက တရားဝင် ပြေစာတွေရှိတယ်။ တောလမ်းကနေ ဝင်လာတာမျိုး မရှိပါဘူး။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now