1

546 38 6
                                    


"ငါတို့လမ်းခွဲရအောင်

"ဟုတ် ကိုကို့သဘောပါ
ဒီတစ်ခါကရောဘယ်လောက်ကြာကြာတွဲမှာလဲ

"ငါအပျင်းပြေတဲ့အထိပေါ့

"ဟုတ် အဲ့တာဆို ကိုကိုပြောစရာမရှိတော့ရင်
ယူဂျင်းသွားတော့မယ်နော်အတန်းရှိလို့

"အင်း ကျေးဇူးပဲယူဂျင်း

ယူဂျင်းလဲ ကိုကို့ကို လက်ပြနှုတ်ဆက်ပြီးအတန်းဆီပြန်လာခဲ့တယ်။ ဒီတစ်ခါလဲ ကိုကိုတခြား‌ကောင်မလေးနဲ့အပျင်းပြေတွဲပြီးတဲ့ထိ ယူဂျင်းစောင့်ရအုန်းမယ်။ ဒါတွေက ယူဂျင်းအတွက်သာမာန်ရိုးကျပုံစံလိုဖြစ်နေပြီ။
ကိုကိုနဲ့ယူဂျင်း ဆက်ဆံရေးက ဘယ်လိုလဲဆိုတော့
ချစ်သူရည်းစားတွေလို့ပဲပြောရမှာပေါ့။

ကိုကို့နာမည်က ရစ်ခီရှန်။
တရုတ်လိုဆိုရင်တော့ ရှန်ချွမ်းရွေ့တဲ့။သိပ်လှတဲ့နာမည်လေးပဲနော်။ နာမည်လဲလှသလို ရုပ်ရည်လဲ အပြစ်ပြောစရာမရှိ။

ရစ်ခီဆိုတာ တစ်ကျောင်းလုံးကမိန်းကလေးတွေရဲ့အသည်းစွဲ။မိသားစုကလဲ ချမ်းသာ၊ ရုပ်ရည်ကလဲပြည့်စုံတော့ ရစ်ခီ့ကသူတို့ကိုအပျော်တွဲတာဆိုရင်တောင်
ကျေကျေနပ်နပ်နဲ့ ပလေးခံမယ့်မိန်းကလေး‌တွေကလဲ ဒုနဲ့ဒေး။ အဲ့တာကြောင့် ရစ်ခီ့မှာ ရည်းစားဟောင်းတွေဆိုတာ
မရေမတွက်နိုင်။ ယူဂျင်းကတော့ ရစ်ခီတွဲသမျှထဲမှာ ချစ်သူသက်တမ်းအရှည်ဆုံးပေါ့ ။

ယူဂျင်းနဲ့ရစ်ခီတွဲတာ မနှစ်ကနွေဦးကစတွဲဖြစ်ခဲ့ကြသည်။
ရစ်ခီ့ကိုကျောင်းစတက်ကတည်းက တိတ်တခိုးသဘောကျခဲ့ရတဲ့ ယူဂျင်းရဲ့အချစ်ကို ရစ်ခီကလက်ခံပေးခဲ့သည်။

ကိုကို့အပေါ်ထားတဲ့အချစ်က ဆယ်ကျော်သက်တွေလိုခဏတာရင်ခုန်တဲ့အချစ်မျိုးမဟုတ်တာတော့ယူဂျင်းကိုယ်တိုင်သာသိသည်။ မခွဲနိုင်တဲ့အထိ သိပ်ချစ်ရတာမို့ ကိုကိုက
လာဆိုလာ၊သွားဆိုသွား ချစ်သူအနေနဲ့ အနားမှာရှိနေပေးခဲ့တာ။ ကိုကိုက သူကောင်မလေးတစ်ယောက်ကို အပျော်တွဲချင်တဲ့အခါတိုင်း ယူဂျင်းနဲ့ခဏလမ်းခွဲလေ့ရှိသည်။
ပြီးရင်တော့ ဟိုကောင်မလေးကိုဖြတ်ပြီး ယူဂျင်းဆီပြန်လာတတ်သည်။ ကိုကိုဘယ်ချိန်ပြန်လာလာ ယူဂျင်းကအမြဲကြိုဆိုပြီးသား။ အဓိက က နောက်ဆုံးမှာကိုကိုယူဂျင်းဆီ ပြန်လာဖို့ပဲ။

Waiting For You Where stories live. Discover now