2

287 38 8
                                    

 
  Professor ကိုစောင့်ရတဲ့အချိန်ကမများပေမယ့် ရစ်ခီအိပ်ပျော်သွားသည်။ ဘေးက ကျောင်းသားနှိုးမှ
ပြူးပြဲထကာ ဆရာ့ကိုနှုတ်ဆက်ရသည်။

အရှုပ်တွေကင်းတဲ့နေ့မို့ ရစ်ခီ့ခြေလှမ်းတွေပေါ့နေသည်။
နားချိန်ရောက်တာနဲ့ ယူဂျင်းတို့ဒုတိယနှစ်ဘက်သွားပြီး
အခန်းရှေ့တွင် ယူဂျင်းထွက်လာမှာကို‌ နံရံ‌ကျောမှီကာစောင့်နေသည်။ သိပ်မကြာ သူ့သူငယ်ချင်းနဲ့စကားပြောရင်းထွက်လာတဲ့ ယူဂျင်းကိုတွေ့လိုက်သည်။

"ဟန်ယူဂျင်း!

ယူဂျင်းကသူ့ကို‌မြင်တော့ အံ့ဩသွားတဲ့ပုံစံနဲ့
သူ့သူငယ်ချင်းနှုတ်ဆက်ပြီး သူ့နားလာသည်။

"ကိုကို ဒီမှာဘာလာလုပ်တာလဲ

"ယူဂျင်းနီး ကိုစောင့်နေတာလေ

"ဟင် ဘာလို့လဲ

"ဘာလို့ရမှာလဲကန်တင်းသွားပြီး မုန့်စားမလို့လေ

ယူဂျင်းဖြေမှာကိုမစောင့်တော့ဘဲ ယူဂျင်းလက်ကိုဆွဲကာ
ကန်တင်းဘက်ခေါ်သွားသည်။ နောက်ကယူဂျင်းကတော့
လှုပ်တုတ်လှုပ်တုတ်နဲ့ သူခေါ်တဲ့နောက်ကို အမှီလိုက်ရသည်။

"ဟာ ဟျောင့်ဒီကိုလာ

ကန်တင်းရောက်တော့ ကျောင်းကကျွေးတဲ့ထမင်းနဲ့ဟင်းကို
ထည့်ပြီး ဂယူဘင်းခေါ်တဲ့စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။
ဂယူဘင်းကတော့ ထုံးစံအတိုင်း တက်တက်ကြွကြွဖြင့်

"ဒီနေ့ ဟင်းကရှယ်ပဲဟေ့ အပီဆွဲရမယ်

ရစ်ခီနဲ့ယူဂျင်းလဲ ပန်းကန်ထဲက ပုစွန်တန်ပူရာရယ်၊ကြက်အကြွပ်ကြော်ရယ်ကို ကြည့်ပြီး ဂယူဘင်းပြောတာကို ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

"အော် ဒီမှာယူဂျင်းအတွက် ကိုကိုဝယ်လာတာ

ရစ်ခီက ယူဂျင်းလက်ထဲကို စတော်ဘယ်ရီနို့ဘူးလေးကို ထည့်ပေးတော့ ယူဂျင်းကသွား၃၂‌ချောင်း ပေါ်အောင်ပြုံးသည်။

"ကျေးဇူးပါ ကိုကို။ ကောင်းကောင်းသောက်ပါ့မယ်

ကိုကို သူ့ကောင်မလေးနဲ့တူတူမစားဘဲ ယူဂျင်းတို့နဲ့လာစားတာ ထူးဆန်းပေမယ့် ဘာမှမပြောဘဲထမင်းပဲဆက်စားနေသည်။

Waiting For You Where stories live. Discover now