21

127 21 1
                                    

 

"ဘာ! မင်းတို့တွဲနေပြီလား...

ငှက်တောင်ပံခတ်သံတို့ပင်ကြားနေရသော တိတ်ဆိတ်သည့်ပန်းခြံထဲတွင် ဟာအို၏အသံက ကျယ်လောင်စွာမြည်ဟိန်းသွား၏။ကျောင်းချိန်မစခင် ပုံမှန်အတိုင်း၅ယောက်တွေ့ကြရာတွင် ရစ်ခီက အကုန်ဆုံးကို‌သူတို့တွဲနေပြီဖြစ်ကြောင်း
ပြောပြလိုက်သည်။

ထိုစကားကြားပြီးနောက် ယူဂျင်းနဲ့ဂယူဘင်းဘက်မှ
လေထုသည်ငြိမ်သက်သွားသောကြောင့် ဟာအိုတစ်ယောက်ထဲ၏ အာမေဋိတ်သံသာ ထွက်ပေါ်လာခြင်းဖြစ်သည်။

"တိုးတိုးပြောပါ အစ်ကိုရဲ့

"ဘယ်နေ့ကစတွဲကြတာလဲ ငါ့ကိုလည်းဘာမှမပြောကြဘူး
ချွမ်းရွေ့ကထယ်ရယ့်ကိုသဘောကျနေတာတော့ သိပေမယ့်
ရား! ကင်မ်ထယ်ရယ်ဘာလို့ငါ့ကို အဲ့အကြောင်းမပြော
ရတာလဲ

"အစ်ကိုကလဲ ကျွန်တော့်ကိုကို ကို မပြောပါနဲ့

"အမယ်လေး ဖြစ်နေတာ

ရစ်ခီက ထယ်ရယ့်ပုခုံးကိုသူ့ထံဆွဲဖက်၍ပြောတော့ ဟာအိုက
မျက်စောင်းထိုးသည်။

"တနေ့ကမှ ငါတို့တွဲဖြစ်တာ ။ ချွမ်းရွေ့ကိုသဘောကျမကျ
ငါကိုယ်တိုင်တောင် သေချာမသိလို့ ဘာမှမပြောလိုက်ရတာပါ

ထယ်ရယ်က ဟာအိုမေးချင်တာကို သိနေတာကြောင့်
စိတ်ကောက်ဟန်နှုတ်ခမ်းဆူနေတဲ့ဟာအိုလက်မောင်းကို ကိုင်၍သေချာပြောပြသည်

"ပြီးရော။အထိမ်းအမှတ်‌အနေနဲ့ ငါတို့၃ယောက်ကိုတစ်ဝိုင်းကျွေးသင့်တယ်မထင်ဘူးလား

"ဟား ဟုတ်တယ်။ ကျွေးရ‌မှာပေါ့ ၃ယောက်သားတိုင်ပင်လိုက်လေဘယ်မှာဘာစားချင်လဲဆိုတာ

"အိုကေ! ချွမ်းရွေ့ကျွေးမှာဆိုတော့
ဈေးအကြီးဆုံးနေရာကိုရှာရမယ်

ဟာအိုကအားကိုးတကြီးနဲ့ ယူဂျင်းနဲ့ဂယူဘင်းဘက်
ကြည့်ကာမှနှစ်ယောက်သားက မလှုပ်မယှက်ရပ်နေတယ်။ အားမသွင်းထားတဲ့ စက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး
ထိုနေရာ၌သာ တသွေမတိမ်းရပ်နေသည်

ယူဂျင်း၏မျက်ဝန်းကို သေချာကြည့်မည်ဆိုလျှင် ဝမ်းနည်းစအရိပ်အယောင်များကို တွေ့မြင်နိုင်သည်။ဟာအိုသိတာပေါ့
သည်ကလေး ချွမ်းရွေ့ကိုဘယ်လောက်ချစ်ပြီး ဘယ်လောက်အနွံတာခံလဲဆိုတာ ။

Waiting For You Место, где живут истории. Откройте их для себя