5

232 37 15
                                    

 
ဒီနေ့တော့ မနက်စောစောထပြီး မှန်ရှေ့တွင် အကျီတွေ
တစ်ထည်ပြီး တစ်ထည်လဲကြည့်နေတဲ့ရစ်ခီ။ ဗီရိုထဲမှာလဲ အနက်ရောင်တွေက တော်တော်များများနေရာယူထားသည်။
မကြိုက်တဲ့အကျီတွေကို ကုတင်ပေါ်ပစ်တင်ထားတာ
ကုတင်ပေါ်တွင်အကျီတို့က ပွစာကျဲလျက်။

"အာ တကယ်ပဲ ဘယ်ဟာနဲ့ဆို ပိုလိုက်မလဲမသိဘူး

အရင်ကဘာပဲဖြစ်ဖြစ်ဆွဲယူဝတ်လာတဲ့ ရစ်ခီက အခု‌ဘာဝတ်ရမလဲစဉ်းစားနေတာ ၁နာရီလောက်တောင်ရှိတော့မယ်။ အကြောင်းက ကျောင်းဆင်းရင် အကိုထယ်ရယ်နဲ့တူတူထမင်းစားဖို့။
"မနေ့ကရုတ်တရက်ထွက်သွားလိုက်ရတာ တောင်းပန်တဲ့အနေနဲ့ထမင်းဖိတ်ကျွေးပါရစေ"လို့ပြောပြီး အကိုထယ်ရယ်နဲ့အချိန်ဖြုန်းဖို့က ဒီနေ့ရဲ့မစ်ရှင်ဖြစ်သည်။

နောက်ဆုံးတော့ စိတ်ထဲဘဝင်ကျသည့်အကျီကိုရှာတွေ့ပြီး အဲ့တာပဲဝတ်လိုက်သည်။ အနက်ရောင်ဘောင်းဘီရှည်နှင့် T-shirt အဖြူပေါ်တွင် အနက်ရောင်အနွေးထည်လေးထပ်ဝတ်ထားတဲ့ ရစ်ခီက လူငယ်ဆန်ဆန် ကြည့်ကောင်းနေသည်။
ဆံပင်ကိုသေချာပြင်ဆင်ပြီး မှန်ထဲက ကိုယ့်ကိုကိုယ် မျက်လုံးတစ်ဖက်မှိတ်ပြကာ

" Perfect ပဲမင်းက ချောလိုက်တာ။ဒီလိုချောနေလို့ရော ဖြစ်ရဲ့လား

လွယ်အိတ်ကိုယူပြီး အိမ်ကိုသေချာသော့ခတ်ကာ မောင်းထွက်လာခဲ့သည်။

မနေ့ကအကိုထယ်ရယ်နဲ့ရှိနေတာနဲ့ တစ်နေရာသွားမယ်ဆို
ယူဂျင်းကိုပြောပြီးမှသွားတဲ့သူက ယူဂျင်းကိုစာပို့ဖို့မေ့သွားတာကြောင့် ပြန်ချော့တဲ့အနေနဲ့ ကျောင်းတူတူသွားဖို့
ယူဂျင်းအိမ်ဘက်ကို လှည့်မောင်းလိုက်သည်။

ပီပီ

ကားဟွန်းတီးသံကြားလို့ ယူဂျင်းကထွက်ကြည့်တော့
ကိုကိုကကားထဲကနေ လက်ပြနေတယ်။
သူလဲ အံ့ဩသွားပြီး မုန့်ဘူးကိုလွယ်အိတ်ထဲထည့်ပြီး
ခြံရှေ့ကိုထွက်လာတယ်။

"ကိုကို ဘာလာလုပ်တာလဲ

"ယူဂျင်းနဲ့ တူတူကျောင်းသွားမလို့ လာကြိုတာ

"ဟင်

"တက် ကျောင်းနောက်ကျနေတော့မယ်

ယူဂျင်းလဲ အူကြောင်ကြောင်နဲ့ကိုကို့ကားပေါ် တက်လိုက်တယ်
ကိုကိုကတော့ ပြုံးပြီးကားဆက်မောင်းနေသည်။

Waiting For You Where stories live. Discover now