9

209 28 5
                                    


2014ခုနှစ်~ (ရစ်ခီ့အသက်၁၁နှစ်)

ကျွန်တော့်ရဲ့ တောက်ပတဲ့ကလေးဘဝနေ့ရက်တွေဟာ
မေမေဆုံးသွားပြီဆိုတဲ့ အ‌ဖေ့ရဲ့စကားအောက်မှာတင် တိမ်မြုပ်သွားခဲ့ရ၏။

ထိုနေ့က

ညနေ၆နာရီလောက်မှာ သူငယ်ချင်းအိမ်မှာ သွားဆော့ပြီး
အိမ်ကိုပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့ အဘွားကိုရော၊အမေ့ကိုပါ အော်ခေါ်နေပေမယ့် ပြန်ထူးလာခြင်းမရှိ။
ဂျောင်တစ်နေရာကထွက်လာတဲ့ အဘွားက စိုးရိမ်ဝမ်းနည်း‌
ဟန်ဖြင့် သူ့ကိုကြည့်ကာ

"‌ချွမ်းရွေ့လေး ဘယ်ကပြန်လာတာလဲ

"သူငယ်ချင်းအိမ် ခဏလိုက်သွားတာ ဘာဖြစ်လို့လဲဘွား

"သားမေမေ ကားမှောက်လို့တဲ့ သားရယ်

".......

"အခုသားအဖေ သွားကြည့်နေတယ်
အဘွားတို့လဲ ဆေးရုံလိုက်သွားဖို့ ပြင်ရအောင်

အဘွားက သူ့လက်ကိုဆွဲခေါ်ပြီး ကားငှားကာ ဆေးရုံဆီထွက်လာတယ်။ ကားစီးနေတဲ့တစ်လျှောက် ဘာတွေဖြစ်ပျက်နေတာလဲဆိုတာလဲ ရစ်ခီ့ခေါင်းက စဉ်းစားလို့မမှီ။

ဆေးရုံရောက်တော့  ရှုပ်ယှက်ခတ်နေတဲ့ လူတွေကြားမှာ ဆရာဝန်တွေကလဲ ပြေးလိုက်လွှားလိုက်...
stretcherပေါ်မှာ အောက်ဆီဂျင်ပေးခံနေရရင်း သူ့
ဘေးကဖြတ်သွားတဲ့ လူတစ်ချို့ကိုတွေ့ပြီး အသက်ရှုပါကြပ်ချင်လာသည်။
‌‌
ငိုနေတဲ့အဖေ့ကိုတွေ့လိုက်ရတာမို့ ရစ်ခီ့ရင်ထဲ ပိုပြီးမွန်းကြပ်လာရတယ်။ မေမေဘာမှမဖြစ်ဖို့‌ တောင်းလိုက်တဲ့ဆုက
နောက်ကျသွားခဲ့တာလား မပြည့်ခဲ့တာလား
သေချာတာကတော့ သူ့ဆုတောင်းမပြည့်ခဲ့ဘူးဆိုတာပါပဲ။ အဘွားလက်ကိုတွဲထားရာကဖြုတ်ကာ ဖေဖေ့အနားကိုပြေးသွားလိုက်တယ်။

"အဖေ့ ဘာ ဘာတွေဖြစ်နေတာလဲဟင်

"သား

"ဖေဖေ ဖြေအုန်းလေ

"အခုပဲ မင်းအမေဆုံးသွားပြီ

"ဗျာ အဖေဘာတွေပြောနေတာလဲ
မေမေကဘာလို့ဆုံးရမှာလဲ မဖြစ်နိုင်တာ

"ဟိုအခန်းမှာ မင်းအ‌မေရှိနေသေးတယ် နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ပါအုန်း

Waiting For You Where stories live. Discover now