11

196 28 5
                                    


ဒီအတောအတွင်း ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်မေးခဲ့ပေမယ့်
အဖြေက တစ်ခုတည်းပဲ ထွက်လာတယ်
အဲ့တာ...အကို့ကိုချစ်တယ်ဆိုတာ။

ရစ်ခီက လှဲအိပ်ရင်းက ခေါင်းစောင်းကာ ထယ်ရယ့်ကိုကြည့်ရင်း သူပြောချင်နေတဲ့ စကားတချို့ကို ဖွင့်ဟသည်။

"ကျွန်တော် အကို့ကိုချစ်တယ်....
ကျွန်တော်လေ လူတစ်ယောက်ကိုဒီလိုမျိုး စွဲစွဲလမ်းလမ်းနဲ့ သဘောကျခဲ့တာမျိုးမရှိဘူး ဘယ်ချိန်ကတည်းကအကို့ကို
သဘောကျခဲ့လဲမသိပေမယ့် အခုတစ်ရက်ထက်တစ်ရက်ပိုပိုသဘောကျလာတယ်။

အကိုနဲ့စကားပြောရတဲ့အခါ၊ အကိုကျွန်တော့်ကိုပြုံးပြတဲ့အခါ
အကို့ရဲ့ ကြယ်တာရာမျက်ဝန်းညိုနဲ့ ဆုံရတဲ့အခါတိုင်းမှာထူးဆန်းတဲ့ရင်ခုန်သံကို ခံစားရတယ်။
အဲ့ဒီခဏလေးကိုပဲ ကျွန်တော်နှစ်ခြိုက်တယ်။
အကိုသိလား ကျွန်တော်အကို့အနားမှာနေချင်တယ်၊
အကိုဂရု‌စိုက်ပေးတာခံချင်တယ်၊အကို့ကိုချစ်ပေးချင်တယ်
ပြီးတော့...

"တော်တော့ ရှန်ချွမ်းရွေ့

အကိုကသူ့ကိုကြည့်နေရင်းက ခေါင်းကိုဟိုဘက်လှည့်ပစ်လိုက်သည်။အကို့ရဲ့ တားမြစ်စကားကြောင့် ပြောနေတဲ့ စကားကိုရပ်လိုက်သည်။အကိုက လှဲနေရာက ရုတ်ချည်း
မတ်တပ်ထလိုက်တော့သူလည်း လိုက်ထလိုက်တယ်။

နောက်ဘက်ကနေမြင်နေရတဲ့ အကို့နောက်ကျောက
နားလည်ရခက်သည်။ ငြိမ်ပြီးရပ်နေတဲ့ အကို့မျက်နှာကို
တွေ့ရဖို့ မျက်နှာချင်းဆိုင်မှာ နေရာယူရပ်လိုက်တယ်။
အကို့မျက်နှာကို တစ်ချက်ဝေ့ကြည့်လိုက်တော့ အကို့မျက်နှာထားက ကောင်းကင်ရဲ့မှိန်ပျပျ အလင်းအောက်မှာ တည်ငြိမ်နေသည်။

အကို့ကိုအကဲခတ်ပြီးကြည့်နေတုန်း အကို့ဘက်က
စကားစလာသည်။

"ငါ့အပြစ်ပါ မင်းအပေါ်သူများတွေထက်ပိုကောင်းပေးမိလို့
မင်းခဏစိတ်ယိုင်သွားတာဖြစ်လိမ့်မယ်

အကိုကသူ့မျက်လုံးမကြည့်ဘဲ အောက်ငုံ့ထားလျက် ပြောနေသည်။

"မင်းတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေကို ပျင်းသွားလို့ဆိုပြီး
ငါ့ကိုလာမကစားနဲ့ ရှန်ချွမ်းရွေ့။ မင်းစိတ်ပြတ်သွားအောင်
ငါတစ်ခါထဲပြောလိုက်မယ် ငါဂေးမဟုတ်ဘူး။
ယောင်္ကျားချင်းလဲမကြိုက်နိုင်ဘူး အဲ့လိုကြိုက်တဲ့သူတွေကိုလဲ ငါရွံတယ်ဆိုတာ မင်းသိလား

Waiting For You Where stories live. Discover now