4

208 29 5
                                    


ဒီနေ့ကတော့ ကံဆိုးတဲ့နေ့ပဲ။
ကျောင်းဆင်းတော့ ထယ်ရယ်စာကြည့်တိုက်သွားဖို့ စက်ဘီးကိုကြည့်လိုက်မှ ဘီးမှာ လေကတဖြေးဖြေးထွက်နေသည်။
စီးလဲမရတော့ စက်ဘီးကိုတွန်းပြီး သွားရသည်။
တော်သေးတယ် စာကြည့်တိုက်ကသိပ်မဝေးလို့ပေါ့

ပီပီပီ

နောက်က ကားကဟွန်းကိုစွတ်တီးနေတာကြောင့် ထယ်ရယ်လှည့်ကြည့်လိုက်တယ်။
ကားကသူ့ဘေးနားတိုးလာကာ ကားပြတင်းပေါက်ကနေ
သူ့ကို လက်လှမ်းပြနေတဲ့ ရစ်ခီ။

ထယ်ရယ်တစ်ချက်ပြန်ပြုံးပြလိုက်ပြီး အရှေ့ကိုပြန်လှည့်ကာ
ခပ်သွက်သွက်လေးလျှောက်လိုက်သည်။
သူဘယ်လောက်ပဲ မြန်မြန်လျှောက်အုန်းတော့ ရစ်ခီက
ကားနဲ့‌မို့ သူ့နားမှာပဲ ဖြေးဖြေးချင်းမောင်းနေသည်။

"အကို စက်ဘီးကြီးဘာလို့တွန်းနေတာလဲ ဘီးပေါက်လို့လား

"ဟုတ်တယ် မင်းလာမှုတ်ပေးမလို့လား

"ဟာ အကိုကလဲ။ ကျွန်တော့်ကားပေါ်တက်လေ
လိုက်ပို့ပေးမယ်

"မလိုပါဘူး ရှေ့နားက စာကြည့်တိုက်ကိုသွားမလို့

"ဟာ တိုက်ဆိုင်လိုက်တာ ကျွန်တော်လဲရှာစရာရှိလို့
တူတူသွားမယ်လေ

ပီပီပီ

‌ရစ်ခီက ကားဘီးကိုဖြေးဖြေးချင်းလှိမ့်ပြီး မောင်းနေတာမို့
နောက်ကကားတစ်ချို့က ဟွန်းတီးနေကြသည်။
ရစ်ခီကတော့ ဂရုမစိုက်ပဲ ထယ်ရယ်ဘေးကနေပဲ မောင်း‌နေသည်။

"အကိုမတက်ရင် နောက်ကကားတွေအခုလိုပဲ
ဆက်ဟွန်းတီးနေမှာနော်

ပြောလို့လဲမရတဲ့အဆုံး ထယ်ရယ်ကပဲ လက်လျှော့ကာ

"ဒါဆို ငါ့စက်ဘီးကရော

"အဲ့မှာထားခဲ့ ကျွန်တော်လူငှားပြီး ဆိုင်ပို့ထားပေးမယ်

"ပြီးရော မင်းလူတွေမလာခင် ငါ့စက်ဘီးအခိုးခံရလို့ကတော့
မင်းနဲ့တွေ့မယ်

"အခုလဲတွေ့နေရတာပဲ အကိုကကျွန်တော့်ကိုအဲ့လောက်တောင် တွေ့ချင်တာလား

ထယ်ရယ်လဲ ရစ်ခီကိုမျက်စောင်းထိုးပြီး နောက်တံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည်။

Waiting For You Where stories live. Discover now