23

86 17 3
                                    


ရစ်ခီကဖေဖေတို့ကိုနှုတ်ဆက်ကာ ကားပေါ်တင်ပေးလိုက်ပြီးမှ
အမောတကော ဆိုင်ထဲပြန်ဝင်လာတယ်။
ရစ်ခီပြန်ရောက်တော့အစ်ကိုဟာအိုတစ်ယောက်ထဲသာ
ထိုနေရာတွင်ရပ်နေသည်။စိတ်မောနေရသည့်ကြား အကို့ကိုပါမတွေ့တော့တာကြောင့် စိတ်တွေရှုပ်ထွေးလာ၏။

"အကိုရောဟင်

"အခုပဲအနောက်ဘက်ကနေထွက်သွားပြီ
မြန်မြန်လိုက်သွား ဝေးဝေးမရောက်လောက်သေးဘူး

"ကျေးဇူးပဲအစ်ကို

အစ်ကိုဟာအိုညွှန်ပြတဲ့အတိုင်း ခြေလှမ်းကျယ်ဖြင့်
ပြေးပြီးနောက်ချစ်ရသောသူ၏နောက်ကျောပြင်ကို
တွေ့မြင်လာရ၏။ဖြေးဖြေးချင်းပဲလမ်းလျှောက်နေတဲ့အကို့ရှေ့မှာ ပိတ်ရပ်လိုက်တော့ ညှိုးငယ်နေသောမျက်ဝန်းညို
တို့နှင့်ဆုံ၏။ မျက်ရည်ဥတို့ကပါ
ခိုတွဲနေတော့ သည်ကလူရဲ့ရင်ကနှစ်ဆကွဲရတာပေါ့

သူ့ကိုမြင်တော့ ဘေးကိုရှောင်ထွက်ဖို့လုပ်နေတဲ့အကို့ရဲ့ လက်ဖဝါးငယ်ကို လှမ်းဆွဲကာတားလိုက်သည်

"အကို!
ကျွန်တော်ပြောတာနားထောင်ပါအုန်းအကိုရာ
ကျွန်တော်တို့ခဏလောက်စကားပြောရအောင်

"ငါ့မှာပြောစရာစကားမရှိဘူး ချွမ်းရွေ့

"နေပါအုန်းအကိုရာ ကျွန်တော်ရှင်းပြပါရစေ
အဲ့ကောင်မလေးနဲ့ကျွန်တော်က ဘာမှမဟုတ်ဘူး

"ဘာမှမဟုတ်ဘူးဆိုတာ ဘာကို‌ဆိုလိုတာလဲ ဪ...
ယူကြတော့မယ့် ဆက်ဆံရေးတောင်ဖြစ်နေကြပြီဆိုတာမျိုးလား

"အဲ့တာကလည်း အဖေက

"ဘာလဲ မင်းအဖေစီစဉ်တဲ့ကိစ္စပါမင်းဘာမှမသိပါဘူးလို့
ပြော‌ချင်တာလား တော်ပါတော့ကွာ...တော်ပါတော့
ငါဘာမှမကြားချင်တော့ဘူး ဘာကိုမှလဲမသိချင်တော့ဘူး

"အကို

ရစ်ခီ့ရဲ့ တိုးလျစွာခေါ်ဆိုလိုက်တော့ စကားလုံး၏အဆုံးတွင်
နှစ်ဦးစလုံး၏ မျက်ဝန်းမှမျက်ရည်စများကစီးဆင်းလာတော့သည်။ထယ်ရယ်က ပါးပြင်ပေါ်ကမျက်ရည်ကိုလက်ခုံနဲ့ သုတ်ကာ

"ငါ့ကိုတစ်ယောက်တည်းလွှတ်ထားစမ်းပါချွမ်းရွေ့ရာ"
ဆိုပြီးတာနဲ့ ရစ်ခီလက်ကိုဖြုတ်ကာ လှည့်ထွက်သွားတော့၏။

Waiting For You Where stories live. Discover now