20

142 24 11
                                    


  အခန်းငယ်လေးထဲမှာ ချစ်သူ့မျက်လုံးထဲ ကြော့ရှင်းချောမောနေအောင် မှန်ရှေ့တွင် သေချာပြင်ဆင်နေတဲ့
ထယ်ရယ်ပါလေ~

ပုံမှန်ဆို ကျောင်းသွားခါနီးမှ ထပြီးအသည်းအသန်ပြင်ဆင်တတ်သူပေမယ့် အချစ်နဲ့ဒိတ်ရမယ်ဆိုတော့လည်း
စောစောထပြီးသေချာပြင်ဆင်ရတော့တာပါပဲ။

ဖေဖေကထယ်ရယ်ကျောင်းသွားမယ်လို့ပဲ သိထားတာကြောင့်
ဖေဖေ့ရှေ့တွင်လည်း မသိမသာအောင် ဝတ်နေကျအတိုင်းရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်ထားတယ်။ အကုန်ပြင်ဆင်ပြီးတော့
ဘီရိုထဲက မာဖလာလေးကို တယုတယလေးထုတ်လာကာ
လည်ပင်းမှာပတ်လိုက်တယ်။ နွေးခနဲဖြစ်သွားတဲ့ ခံစားချက်လေးကြောင့် ထယ်ရယ် ပြေပြေလေးပြုံးလိုက်တယ်။ ‌မာဖလာထဲ မြုပ်နေတဲ့မေးစေ့အပေါ်က‌ အောက်နှုတ်ခမ်းနဲ့ မာဖလာကို ထိရုံမျှ နမ်းလိုက်သည်။
ရစ်ခီနဲ့ ပထမဆုံးနမ်းခဲ့တဲ့‌နေ့တုန်းက ရစ်ခီပေးခဲ့တဲ့
ဒီမာဖလာလေးကို ထယ်ရယ်က တမြတ်တနိုးဘီရိုထဲထည့်သိမ်းထားခဲ့တာ။

နောက်ဆုံးအနေနဲ့
ထယ်ရယ်အကြိုက်ဆုံး ချယ်ရီပန်းနံ့သင်းသင်းလေးဖြစ်တဲ့
ရေမွှေးကိုစွတ်ကာ အောက်ထပ်ကိုဆင်းလာတယ်။

ရစ်ခီက မနက်စာပါအတူစားဖို့ပြောထားတာကြောင့်
အိမ်မှာမစားတော့ဘဲ ချိန်းဆိုထားတဲ့ ရှော့ပင်းမောကို
ထွက်ခဲ့တယ်။ရစ်ခီက သူလမ်းထိပ်မှာစောင့်ပြီးလာကြိုမယ်ပြောပေမယ့် ရပ်ကွက်ထဲကသူတွေမြင်သွားမှာစိုးတာကြောင့် ထယ်ရယ်ကငြင်းထားရတာ။

‌ရှော့ပင်းမောကိုရောက်လို့ ရစ်ခီ့ဆီစာပို့လိုက်တော့ သူက
ရောက်တောင်ရောက်နေပြီတဲ့လေ။ သူလည်း ချိန်းထားတဲ့အချိန်ထက် ၁၅မိနစ်တောင်စောထွက်လာတာကို
ဒီကောင်လေး ဘယ်အချိန်ကတည်းကများ အိမ်ကထွက်လာတာလဲမသိဘူး။ထယ်ရယ်ဒီနေ့ အိမ်ကထွက်တဲ့အချိန်က
ပုံမှန်နေ့တွေထက်စောလို့ဖေဖေကတောင် တအံ့တဩနဲ့
ကြည့်နေသေးတဲ့ဟာ။

ရစ်ခီစောင့်နေတယ်ဆိုတဲ့ဒုတိယထပ်ကို ဓာတ်လှေကားနဲ့
တက်ကာ ခွေးပေါက်လေးလို ခေါင်းကိုဘယ်ညာယမ်းကြည့်ရင်း ရစ်ခီ့ကိုရှာနေမိတယ်။ လက်ရန်းမှန်ဘောင်ပေါ် လက်‌ထောက်ရင်း သူရှိရာဘက်ကိုကျောပေးထားတဲ့ ရစ်ခီ့ကိုတွေ့တော့ ထယ်ရယ်နှုတ်ခမ်းထောင့်လေးက ကွေးညွှတ်သွားတယ်။

Waiting For You Where stories live. Discover now