10

195 30 5
                                    


လေတဖြူးဖြူးနှင့် နေရောင်ရရှိပြီး ကျယ်ပြောတဲ့
tennis court ရှိရာနေရာကိုရောက်တော့ အားလုံးကပါးစပ်အဟောင်းသားနှင့် စူးစမ်းနေကြသည်။
တိမ်တောင်တိမ်လွင့်တို့နဲ့ ပြည့်နှက်နေတဲ့ အပြာရောင်ကောင်းကင်ကြီးရဲ့အောက်မှာ လူငယ်၅ယောက်တို့က ‌
ပျော်ပျော်ပါးပါးဆော့ကစားနေကြတယ်။
ကွင်းရဲ့ ထောင့်တွေမှာလဲ ခုံတန်းလေးတွေရှိတာမို့ အတော်ပင်အဆင်ပြေသည်။

အပေါ်ပိုင်းတီရှပ်အဖြူကိုယ်စီနဲ့ ဘောင်းဘီတိုအဖြူကို
ဝတ်လာကြပေမယ့် ရစ်ခီကတော့ တီရှပ်အမည်းနှင့်
ဘောင်းဘီတိုအဖြူလေးကိုဝတ်ထားသည်။
ထို့ပြင် ခေါင်းစီးပတ်အဖြူကိုပတ်ထားတာက သူ့ရဲ့
ဆံပင်အဖြူနဲ့ လိုက်ဖက်ပြီး‌ကြည့်ကောင်းနေသည်။

"ဝါး ဒီနေရာကအရင်ငါတို့ရိုက်တဲ့နေရာထက်
ပိုကောင်းတယ်နော်"

ဟာအိုက ‌တအံ့တဩနဲ့ကွင်းကိုပတ်ကြည့်ပြီးပြောတော့
ကွင်းကိုငှားပေးထားတဲ့ ရစ်ခီကကျေနပ်နေဟန်နဲ့

"ဒါပေါ့ ရှာပေးတဲ့သူကဘယ်သူမို့လို့လဲ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်
ဂယူဘင်းက ရစ်ခီ့ဂုတ်ကိုဆွဲဖက်ပြီး ရွဲ့နွဲ့တဲ့ပုံစံနဲ့ပြန်ပြောသည်။

"အရင်ဆုံး အကြောလေးဘာလေးလျှော့ကြတာပေါ့

ကွင်းကတစ်ခုတည်းဆိုတော့ နှစ်ယောက်နှစ်ယောက်ဆီ
ခွဲရိုက်ကြတယ်။ ရစ်ခီနဲ့ဟာအိုနဲ့ဆော့နေတုန်း ထယ်ရယ်၊
ဂယူနဲ့ ယူဂျင်းတို့က ထိုင်ခုံမှာထိုင်ပြီး စကားစမြည်ပြော
နေကြသည်။

ခဏနေတော့ဂယူနဲ့ယူဂျင်းပါ ဝင်ရိုက်ကြသည်။
ဝါသနာမပါတာကြောင့်ရော၊ တူတူရိုက်မယ့်အဖော်လဲ
မရှိတာကြောင့် အရင်ကတည်းကထယ်ရယ်ကtennisတွေ
ဘာတွေမရိုက်တတ်တာမို့ ခုံမှာထိုင်ပြီး မုန့်လေးစား‌ရင်းပဲ
ကျန်တဲ့သူတွေကိုထိုင်ကြည့်နေသည်။

ထယ်ရယ့်ကိုဝင်ရိုက်ဖို့ပြောပေမယ့် ငြင်းပြီး ပွဲကြည့်
ပရိတ်သတ်ပဲလုပ်နေသည်။ နေကြာစေ့လေးကိုက်လိုက် ပွဲကြည့်လိုက်နှင့်ကို ထယ်ရယ်က ဇိမ်ကျနေသည်။
တစ်ခါတစ်ခါ လေတိုက်ပြီး နေကြာစေ့အခွံတွေလွင့်ကုန်လို့
အမြန်တားရတာလဲ အလုပ်တစ်ခု။

Waiting For You Where stories live. Discover now