14

170 26 4
                                    


အောက်တိုဘာလလယ်ထဲကို ရောက်နေပြီဖြစ်တဲ့အတွက်
ဆောင်းဦးရာသီရောက်နေပြီလို့တောင်ပြောလို့ရသည်။
မနက်အစောပိုင်းနဲ့ ညနေဆို အချမ်းပိုလှတဲ့ ဒီ‌ရာသီက
အနွေးအင်္ကျီလှလှလေးတွေဝတ်ပြီး အပြိုင်အဆိုင်
ရှိုးထုတ်ကြတဲ့ရာသီပင်ဖြစ်သည်။ ဆောင်းဝင်လာတာနဲ့အမျှ ဘယ်မှမသွားဘဲ အိမ်ကအိပ်ယာထဲမှာသာ ကွေးနေချင်တဲ့စိတ်က လူတိုင်းရဲ့ဆန္ဒဖြစ်မယ်ထင်တယ်။

လပတ်စာမေးပွဲရက်ကလည်း နီးလာတာနဲ့အမျှ ကျောင်းသားကျောင်းသူ တို့ကလည်း စာနဲ့ပဲလုံးပတ်လည်ရင်း အချိန်ကုန်ဆုံးနေကြသည်။ တချို့ကျလည်း ပိတ်ရက်မှာလုပ်ဖို့ပလန်တွေတောင်ဆွဲထားကြပြီ။

စာကိုပုံမှန်လုပ်ပြီးကြိုးစားတဲ့ထယ်ရယ့်အဖို့တော့  ပုံမှန်နေ့တွေအတိုင်းဖြတ်သန်းရင်း‌ စိတ်ဖိစီးနေတာမျိုးမရှိဘဲ အေးဆေးပင်။
ကျောင်းဆင်းတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အာရုံစိုက်ပြီး
စာလုပ်ဖို့စာကြည့်တိုက်ကိုထွက်ခဲ့သည်။

လျှောက်‌လာတဲ့လမ်းတစ်လျှောက်က သစ်ရွက်ကြွေလေးကို
မြင်ပြီး အမှတ်တမဲ့ ပတ်ပတ်လည်ကသစ်ပင်တွေကို
မျက်စိလင့်ကစားပြီး ကြည့်မိတော့ မြေပေါ်ကြွေကျထားတဲ့
သစ်ရွက်တို့ကြောင့် သစ်ပင်တွေကအရွက်အနည်းငယ်နှင့်အကိုင်းအခက်များသာရှိပြီး ခြောက်ကပ်နေသည်။

ဆောင်းရာသီတောင်ရောက်တော့မယ်လို့တွေးမိပြီး ဆောင်းရဲ့တွဲဖက် နှင်းကိုပါတွေးမိတော့ ရစ်ခီပြောတဲ့ စကားကို
နောက်ဆက်တွဲကြားယောင်လာမိတော့ ခေါင်းကိုဘယ်ညာတစ်ချက်ခါပြီး အတွေးကိုဖျောက်ကာ စာကြည့်တိုက်ထံသို့သာ ခပ်သွက်သွက်လျှောက်လိုက်သည်။

ဒီနေ့က ကံဆိုးတဲ့နေ့ပဲဖြစ်မလားမသိဘူး။ ထယ်ရယ်လိုအပ်တဲ့ စာအုပ်တွေတိုင်းက ဟိုးအမြင့်မှာပဲရှိနေတာမို့ ခြေဖျားထောက်ပြီးမမှီမကန်း လှမ်းလှမ်းဆွဲယူနေရသည်။

အခုလည်း သူလက်လှမ်းမမီတဲ့အမြင့်နေရာက စာအုပ်ကို
ခြေဖျားထောက်ပြီးလှမ်းယူနေတုန်း လျှောက်လမ်းမှာပြေးလွှားကစားနေတဲ့ ကလေးတစ်ယောက်က သူ့ကိုနောက်ကနေ ဖြတ်တိုက်သွားတာကြောင့် ထောက်ထားတဲ့ခြေ‌တစ်ဖက်ကယိုင်သွားတဲ့အချိန် ပိုက်ထားတဲ့စာအုပ်တွေက အောက်ကိုကျကုန်သည်။
လူက ဘေးကိုယိမ်းကျတော့မယ့်အချိန်မှာ ခါးကနေထိန်းကိုင်ခံလိုက်ရသည်။ လူတစ်ယောက်ရဲ့ရင်ဘတ်နဲ့သူ့ကျောပြင်နဲ့ထိပြီး ပြုတ်ကျမယ့်အစား ထိုသူရဲ့ရင်ခွင်ထဲပုံ့ပုံ့လေးဖြစ်နေသည်။

Waiting For You Where stories live. Discover now