19

140 22 4
                                    


ရစ်ခီအပျင်းပြေဓာတ်ပုံတွေထိုင်ကြည့်နေတုန်း
ဘဲလ်တီးသံကြောင့် ခြံထဲကိုထွက်ခဲ့တယ်။ခြံအပြင်ဘက်မှာ ရပ်နေတဲ့အဘွားကိုမြင်တော့ အပြေးလေးသွား၍ ခြံတံခါးကိုဖွင့်လိုက်တယ်။

"အဘွား လွမ်းနေတာ

"အိုက်ဂူး မတွေ့ရတဲ့အတောအတွင်း အချွဲလေးဖြစ်လာတာပဲ

"ဟီး

အဘွားကိုတဝကြီးဖက်ပြီးမှ အထုတ်တွေဆွဲကူပြီး အိမ်ထဲဝင်ခဲ့တယ်။ အိမ်ထဲရောက်တာနဲ့အဘွားက ဗိုက်ဆာနေပြီလားမေးကာ မီးဖိုချောင်ဘက်ကိုဝင်သွားတယ်။
အဘွားထည့်လာတဲ့ ဟင်းတွေကိုကြည့်ပြီး
ခုနကထက်တောင် ပို၍ဗိုက်ဆာသွားသလိုခံစားရတယ်။

ထမင်းတစ်လုတ်ကို လျှာပေါ်တင်လိုက်တာနဲ့ ရစ်ခီကပြုံးကာ
တစ်လုတ်ပြီးတစ်လုတ်အရသာရှိရှိစားတော့တယ်။
သူစားချင်နေခဲ့တာကလည်း ဒီလက်ရာပဲလေ။

"စားကောင်းရဲ့လား ငါ့သား

"ကောင်းပါ့ ငါတို့အဘွားလက်ရာကတော့အပြစ်ပြောစရာကိုမရှိဘူး

"အမယ်လေးဟုတ်ပါပြီ။ ကြိုက်ရင်အများကြီးထည့်စား

"ဟုတ်ကဲ့

ထမင်းစားသောက်ပြီးတော့ မပြန်ခင်စကားတွေပြောဖြစ်ကြတယ်။ အကို့အကြောင်းပါ အဘွားကိုပြောလိုက်သေးတယ်။အဘွားကတော့ လူချောလေးဆိုပြီးသဘောတွေကျနေတာကြောင့် ရစ်ခီရင်ထဲပေါ့သွားတယ်။
သူသဘောကျတဲ့သူအကြောင်းပြန်ပြောပြနိုင်တာ အခုဆိုအဘွားအပြင်ဘယ်သူမှမရှိ။ထို့ပြင် အဘွားကပါ
သဘောကျပေးတာမလို့ အတိုင်းမသိပျော်ရတာပေါ့

"ဖေဖေ့ကျန်းမာရေးရော အဆင်ပြေတယ်မလား

"ပြေပါတယ် ဟိုတစ်ခါဖြစ်ပြီးကတည်းက ထမင်းကိုမှန်မှန်စားလာတာ

"တော်သေးတာပေါ့။အော် အဘွားကိုပြောပြဖို့မေ့နေတာ
ဟိုတစ်ခါအဘွားပေးတဲ့ မေမေ့ဖုန်းကိုပြန်ဖွင့်လို့ရပြီ

"ဟေဟုတ်လား ကောင်းတာပေါ့ကွယ်။ ထူးခြားတာတစ်ခုခုတွေ့ရသေးလား သား

"ထူးခြားတာ? အဲ့လိုတော့မတွေ့မိပါဘူး

တိတ်ပြီးတစ်ခုခုကိုတွေးနေပုံရတဲ့ အဘွားလက်ကိုကိုင်ပြီး
ရစ်ခီက တည်ငြိမ်လေးနက်သောမျက်လုံးတို့နဲ့ မေးသည်။

Waiting For You Where stories live. Discover now