8

200 35 6
                                    

မနေ့က မိုးရေထဲမှာနေမိတဲ့အကျိုးဆက်အနေနဲ့ ရစ်ခီတစ်ယောက်ဖျားတော့သည်။ မနေ့ညကတည်းက ဟတ်ချိုးချေနေတဲ့ ရစ်ခီ့ကို ဂယူဘင်းကစိတ်ပူပြီး ညအိပ်စောင့်ပေးခဲ့သည်။
ညကျတော့ ထင်တဲ့အတိုင်းပင် အဖျားတက်လာသည်။
ဂယူဘင်းလဲတတ်နိုင်သလောက် အဖျားကျအောင်လုပ်ပေးနေရတာနဲ့ ကောင်းကောင်းတောင်မအိပ်လိုက်ရ။

ဒီနေ့က တနလာ်နေ့မို့ ရစ်ခီအတွက်ရော သူ့အတွက်ပါခွင့်တိုင်ရင်း သူငယ်ချင်းဖြစ်သူအိမ်မှာပဲ သောင်တင်နေတော့သည်။

ညနေကျောင်းဆင်းတော့ ယူဂျင်း၊ထယ်ရယ်၊ဟာအိုတို့လဲ
ရစ်ခီ့အိမ်ကိုရောက်လာပြီး ရစ်ခီ့ကိုလာကြည့်ကြသည်။

"ကဲရပါပြီ ဒီမှာဒါကချွမ်းရွေ့အတွက်

"ဟင် ဆန်ပြုတ်ကြီးလား မနက်ကလဲဂယူဘင်းကကဆန်ပြုတ်ပဲကျွေးထားတာ

ယူဂျင်းချက်ထားတဲ့ ဟင်းအစုံအလင်ကို ဟာအိုက
စားပွဲပေါ်ချပြီး နောက်ဆုံးပိတ် ဆန်ပြုတ်ပန်းကန်ကိုတော့
ချွမ်းရွေ့ရှေ့ချပေးပြီး ဆန်ပြုတ်ပဲစားခိုင်းသည်။

"နေမကောင်းတဲ့သူက ဆန်ပြုတ်မစားလို့ဘာစားမှာလဲ

"အကိုတို့ရက်စက်လိုက်တာ သူတို့ကျဟင်းအစုံအလင်နဲ့
စားချင်စရာကြီး

"စားချင်ရင် မြန်မြန်နေကောင်းအောင်လုပ်

ရစ်ခီက မျက်စောင်းချိတ်ပြီးကြည့်တော့ ဂယူဘင်းကလျှာထုတ်ပြောင်ပြပြီး
"ဝါးး ငါတို့ယူဂျင်းလေးလက်ရာစားရမှာပေါ့

"များများစားကြနော် ယူဂျင်းကအများကြီးချက်ထားတာ

"ကောင်းလိုက်တာ ယူဂျင်းချက်တာအဲ့လောက်ကောင်းမယ်
မထင်ထားဘူးရော ဆိုင်တောင်ဖွင့်စားလို့ရပြီ

"အင်း မဆိုးဘူးနော် ယူဂျင်းကစားဖိုမှူးလုပ် ကျွန်တော်နဲ့အကိုထယ်ရယ်က စားပွဲထိုးလုပ် ရစ်ခီက‌ကောင်တာထိုင်
အကိုဟာအိုက စားသုံးသူတွေကိုတယောနဲ့ဖျော်ဖြေပြ"

ထယ်ရယ့်စကားကိုဂယူဘင်းကဝင်ထောက်ခံပြီး
စိတ်ကူးယဉ်ရင်းပြောသည်။

"အောင်မာ ငါကဘာလို့ကောင်တာထိုင်ရမာ

"အော်အေးဟုတ်သားပဲ မင်းကသခ်ျာလဲတော်တာ
မဟုတ်တော့‌ တော်ကြာ ငွေ‌တွက်တာမှားပြီး ဆိုင်အရင်းပြုတ်နေအုန်းမယ် အိမ်သာပဲဆေးလိုက်ပါ မင်းက

Waiting For You Where stories live. Discover now