13

179 27 4
                                    


အကိုထယ်ရယ်ကို သူနဲ့နေ့လည်စာတူတူစားဖို့ချိန်းဆိုမှု
အောင်မြင်သွားတာကြောင့် ပျော်ရွှင်မြူးထူးနေတော့သည်။
အကို့အတွက် ဘာမှမဟုတ်လောက်ပေမယ့် ဒီစကားကိုပြောဖို့
သူ့မှာ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရတာပင်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်ပြင်ဆင်နေရင်း ထမင်းစားခန်း
ကိုလဲ သေချာသပ်ရပ်အောင် သန့်ရှင်းရေးအနည်းငယ်
လုပ်ရသေးသည်

ဂယူ့ဖေဖေနဲ့မေမေ ကသူ့အသက်၁၀နှစ်လောက်မှာ
ကွာရှင်းခဲ့ကြပြီး မေမေနဲ့အတူနေနေရာက အခုတစ်ယောက်တည်းသီးသန့်ခွဲနေခြင်းဖြစ်သည်။
ယောင်္ကျားလေးဆိုတော့လည်း အဆင်ပြေသလိုပဲ ပြီးပြီးရောလုပ်ပြီးနေတာမို့ အိမ်ကအမြဲရှုပ်ပွနေတတ်ပေမယ့်
ဒီနေ့ကတော့ အရင်နေ့တွေလိုမဟုတ်ဘဲ ရှင်းလင်း
တောက်ပြောင်နေသည်။

ဟင်းချက်ရင်း နာရီကိုကြည့်မိတော့ ‌၁၂နာရီကို ၅မိနစ်တောင်
စွန်းနေပြီ။ အကိုက ၁၂ခွဲလောက်လာခဲ့မယ်ဆိုတာကို
သတိရပြီးအခန်းထဲဝရုန်းသုန်းကားပြေးဝင်ကာ အကျီကောင်းကောင်းလေးတစ်ထည် သွားလဲရသည်။

စားပွဲပေါ်မှာ ပန်းအိုးသေးသေးကိုရေထည့်ကာ နီနီရဲရဲ
နှင်းဆီပန်းသုံးပွင့်ကို စိုက်ထားလိုက်သည်။
လက်သုတ်၊ပါးစပ်သုတ်ဖို့သုံးတဲ့ လက်ကိုင်ပုဝါကို ကြိုးကြာငှက်ပုံစံခေါက်ကာ စားပွဲရဲ့ မျက်နှာချင်းနှစ်ဖက်မှာ တင်ထားလိုက်တယ်။

‌သူပြင်ထားတဲ့ စားပွဲကိုသေချာကြည့်ရင်း ဂယူဘင်းက ကျေနပ်စွာပြုံးပြီး မီးဖိုချောင်ဘက်ကိုပြေးရပြန်သည်။
အိမ်ထဲမှာတင် ဟိုပြေးဒီလုပ်နဲ့ အလုပ်ရှုပ်နေပေမယ့်လည်း
ဂယူဘင်းရဲ့ တစ်ချက်မပျက်တဲ့ တောက်ပတဲ့အပြုံးတို့က
ပျော်နေကြောင်းကို ပြသနေသည်။

ဒေါက်ဒေါက်

"ဟင် အကိုလာပြီထင်တယ်

လုပ်လက်စကိုခဏပြစ်ပြီး အိမ်ရှေ့အမြန်ထွက်ကာ တံခါးကို
ဖွင့်ပေးလိုက်သည်။

"အကိုရောက်လာပြီလား

တံခါးဖွင့်ဖွင့်ချင်း လေအရှိန်နဲ့ သူ့နှာခေါင်းထံသင်းပျံ့လာတဲ့
အကို့ရဲ့ကိုယ်သင်းနံ့နဲ့ lavender ရေမွှေးနံ့တို့ပေါင်းစပ်ထားတဲ့ ခပ်သင်းသင်းအနံ့က သူ့အာရုံကို ဆွဲဆောင်‌နေတယ်။

Waiting For You Where stories live. Discover now