16

156 26 11
                                    


မျက်စိကိုချုနေတဲ့ ကောင်းကင်ပြာကြီးထက်က တိမ်တွေကအလိပ်လိပ်အထပ်ထပ်နှင့် အချင်းချင်းကူးလူးဆက်သွယ်ပြီး လှချင်တိုင်းလှနေတော့သည်။

ဆိုးလ်မှဘူဆန်သို့သွားရာ လမ်းမတစ်လျှောက်က အရှိန်နှင့်
ဖြတ်သန်းမောင်းနှင်နေတဲ့ ကားတွေက အများအပြား။
ကားတွေဖြတ်သွားတဲ့ပုံရိပ်ကို ကြည့်ရင်း ထယ်ရယ်
တစ်ယောက်ငိုက်လာတော့တယ်။

ပြတင်းပေါက်မှန်ကနေတစ်ဆင့် ‌ဝင်ရောက်လာတဲ့ လေပြည်နုတို့က သူ့မျက်နှာကိုလာရောက်‌ရိုက်ခတ်သည်။
မနက်ခင်းအစော တိုက်တဲ့လေဖြစ်တာကြောင့် မျက်နှာကိုဖြတ်တိုက်ခံရတိုင်း အရိုးခိုက်အောင် အေးစိမ့်ပါသည်။

လက်ဖျားတွေအေးပြီး နှာခေါင်းထိပ်ပါရဲလာတာမို့ပြတင်းပေါက်မှန်ကို အမြန်တင်လိုက်ရတယ်။
အေးစိမ့်နေတဲ့ လက်ဖျားတွေကို နွေးသွားအောင်‌
အနွေး အိတ်ကပ်ထဲထည့်ကာ ခေါင်းနောက်မှီရင်း
မျက်လုံးမှိတ်ထားလိုက်သည်။

ကားတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဟာအိုနဲ့ဂယူဘင်းတို့
အသံကြောင့် လူကအိပ်တစ်ချက် နိုးတစ်ချက် ။
စကားနိုင်လုရင်း ပြောနေကြတဲ့ လုံးထွေးနေတဲ့အသံကြားမှာ
‌ကားမောင်းနေတဲ့ ရစ်ခီ့ရဲ့ရယ်သံသဲ့သဲ့ကိုလည်း အတိုင်းသား
ကြားနေရတယ်။

စာမေးပွဲငယ်လေးပြီးသွားတော့ ခရီးသေးတစ်ခုထွက်ကြမယ်ဟုတိုင်ပင်ကြရင်း busanက Haeundae ပင်လယ်ဆီသွားဖို့ ဖြစ်ခဲ့ကြသည်။

မနက်စောစော ဆိုးလ်ကထွက်ခဲ့ကြရင်း ကားပေါ်မှာ ရောက်တတ်ရာရာတွေပြောရင်း၊ ရယ်လိုက် ပျော်လိုက်နှင့်...

သူငယ်ချင်းအပေါင်းအသင်းနည်းတဲ့ ထယ်ရယ်အဖို့တော့
ဒီလိုစုဖွဲ့သွားတဲ့ခရီးမျိုးက ပထမဆုံးပင်။
ပျော်ဖို့လည်း ကောင်းသလို၊အနည်းငယ်လည်း စိတ်လှုပ်ရှားနေမိသည်။

နာရီအနည်းငယ်လောက်နေတော့အကုန်လုံးလဲ ငိုက်မြည်းကာ
ခေါင်းငိုက်စိုက်ကုန်သည်။
ရှေ့ခန်းတွင်ကားမောင်းနေသည့် ရစ်ခီနှင့် လမ်းကြောင်းကြည့်ပေးနေတဲ့ယူဂျင်းမှလွဲရင်း နောက်ခန်းကသုံးယောက်က
အားရပါးရကိုအိပ်နေကြသည်။

Waiting For You Onde histórias criam vida. Descubra agora