17

149 29 4
                                    

မနက်ခင်းနေရောင်ခြည်က တစ်အိမ်လုံးကို လွှမ်းခြုံရစ်လို့ ။
လိုက်ကာတွေချထားလျက်တောင် တစ်အိမ်လုံးက
နေအလင်းကြောင့် ‌လင်းလာရသည်။

စောင်ကိုယ်စီခြုံကာ အိပ်ယာထဲမယ် အကွေးကောင်းနေသေးတဲ့ ၄ယောက်ကို ကြည့်ရင်း နံရံက တိုင်ကပ်နာရီကို
လှမ်းကြည့်မိတယ်

အချိန်အားဖြင့် မနက်၉နာရီထိုးနေပြီ။

ညဘက် စောစောအိပ်ယာမဝင်ရင် နောက်ကျမှထတဲ့
သူ့လိုလူက ဒီနေ့ကျမှ ထူးထူးဆန်းဆန်း ၈နာရီလောက်ကတည်းက မျက်လုံးကပွင့်လာသည်။

ခေါင်းနောက်နေတာမျိုးလဲမရှိတာကြောင့် ဆက်အိပ်မနေတော့ပဲ ဘယ်သူနဲ့မှ အိမ်သာမလုခင် အရင်ဆုံးပြီးအောင် ပြင်ဆင်ထားလိုက်တယ်

အနွေးထည်အထူကြီးကို အပေါ်ကထပ်ဝတ်ကာ ကိုယ့်အိပ်ယာပေါ်မှာ ပြန်ထိုင်ရင်း ဖုန်းသုံးနေလိုက်တယ်။ 

ဖုန်းသုံးရင်း ပြန်အိပ်ပျော်သွားတယ်ထင် မျက်လုံးပြန်ဖွင့်လိုက်တော့ သူက တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲမှာ
ထွေးပွေ့ထားခြင်းကိုခံနေရသည်။ ညဝတ်အကျီအမည်းရောင်ကို အတိုင်းသား မြင်နေရတာမလို့ ထိုသူကရစ်ခီမှန်းအတပ်သိလိုက်တယ်။

သူကရစ်ခီရဲ့လက်တစ်ဖက်ကို ခေါင်းအုံးကာ ထိုလက်ကနေ သူ့ကို ရစ်ခီကဖက်ထားသေးသလို ကျန်လက်တစ်ဖက်က
သူ့ခါးပေါ်တင်ထားတာကြောင့် ထယ်ရယ့်တစ်ကိုယ်လုံးက
ရစ်ခီ့ လက်မောင်းတွေကြားမှာ မြုပ်နေသည်။
အဲ့တာထက် သူကပါရစ်ခီကိုပြန်ဖက်ထားမိသေးသည်တဲ့လေ

ဖြေးဖြေးချင်း ခေါင်းကိုအပေါ်မော့ကြည့်လိုက်တော့
ပုလဲလုံးလေးလို ဖြူစွတ်နေတဲ့အသားအရည် နဲ့အတူ
ငွေမင်ရောင် ဆံပင်တို့က နေရောင်ရဲ့ ဖြာကျမှုအောက်မှာ
မှုန်ရီရီ‌လေးဖြစ်နေသည်။

ပြင်ဆင်ထားမှုမရှိတဲ့ ရစ်ခီက သိပ်ကိုချောမောလွန်းသည်။
ပြောစရာမရှိတဲ့ နှာခေါင်းကောက်ကြောင်း၊ ပိုပြီးညို့အားပြင်းအောင် ထောက်ပံ့နေတဲ့ မျက်တောင်ကော့ကော့လေးတွေနဲ့ မျက်ခုံးထူထူတို့က ရစ်ခီ့ချောမောမှုကို ပို၍
အသက်သွင်းပေးနေသယောင်။

Waiting For You Where stories live. Discover now