7

190 29 6
                                    


ဒီနေ့ကဖေဖေ့မွေးနေ့မို့လို့ ရစ်ခီကဝတ်စုံအပြည့်ဝတ်ထားပြီး ပါတီကျင်းပမယ့် ဖေဖေ့အိမ်ကိုထွက်လာသည်။ တစ်ယောက်တည်း မသွားချင်လို့ ဂယူဘင်းကိုပါအတူတူ
ခေါ်လာခဲ့သည်။ အနည်းဆုံးတော့ ဂယူဘင်းနဲ့ဆို နှစ်ယောက်လေဖုတ်နေလို့ရတာပေါ့။

ရစ်ခီရောက်တဲ့အချိန်က ပါတီက စတောင်စနေပြီမို့လို့ လူတွေတောင်စုံနေကြပြီ။ မီးရောင်စုံတွေရယ် အမျိုးသမီးတွေရဲ့ ဂါဝန်အရောင်မျိုးစုံတို့ရယ်က မျက်စိကျိန်းစရာဖြစ်နေသည်။ ရစ်ခီရှန်ကားပေါ်ကဆင်းလာတာနဲ့ နေရာအနှံ့က လူများကလဲ ကြည့်နေကြသည်။
ရစ်ခီ့ဖေဖေကလဲ ဂုဏ်ယူနေတဲ့အပြုံးနှင့်သူ့သားကို
ခေါ်ပြီးလိုက်ကြွားနေသေးသည်။

အနက်ရောင်ဝတ်စုံအပြည့်ရယ် ဆံပင်အဖြူကိုဂျယ်နဲ့အနည်းငယ်ထောင်ထားတဲ့ ရစ်ခီက မျက်စိထဲကြည့်ရရှင်းပြီး ‌ချောမောနေတာ တော်ဝင်မင်းသားလေးတစ်ပါးအလား။ ပြီးပြည့်စုံနေတဲ့ ရစ်ခီ့မျက်နှာထက်မှာတော့ အပြုံးတို့က အသက်မပါလှ။

သူ့ရဲ့လုပ်ငန်း ပါတနာတွေနဲ့ လိုက်မိတ်ဆက်ပေးတဲ့ အဖေ့
နောက်ကိုသာလိုက်ရင်း ပြုံးပြနေရတာကလဲ အလုပ်တစ်ခု။
ဂယူဘင်းကတော့ ဝိုင်းတစ်ဝိုင်းမှာနေရာယူရင်း မုန့်နှင့်ဝိုင်ကို
သောက်ရင်း ထိုင်နေသည်။

အဖေ့ကိုပြောပြီး ရစ်ခီလဲ ဂယူဘင်းနဲ့တူတူသွားထိုင်လိုက်သည်။

"အဆင်ပြေရဲ့လားသူငယ်ချင်း

"ပြေပါ့မလားကွာ ပြုံးပြရလွန်းလွန့် ပါးတောင်အကြောလိုက်တော့မယ်။ ငါကသူ့ကိုတွေ့ဖို့လာတာလေ အဲ့တာကိုရှိသမျှ
လူတွေကို လိုက်နှုတ်ဆက်ခိုင်းနေတယ်

"ရော့မုန့်စား

ဂယူဘင်းက သူ့ရှေ့ကကိတ်ပန်းကန်ကိုတွန်းပို့ပေးတော့ ယူပြီးစားနေလိုက်သည်။
ခဏနေတော့ အဖေနှင့်သူ့မိန်းမကစင်ပေါ်တက် လေရှည်ပြီးမှ
ကမ်းပေ့လုပ်ကြသည်။

"ဝတ်ထားတာကိုလဲကြည့်အုန်း သူ့ကိုယ်သူ၂၀ကျော်လေးများထင်နေလားမသိဘူး။ ပါးရေမတွန့်အောင် ငါ့အဖေပိုက်ဆံတွေနဲ့ လုပ်ထားတဲ့ အဘွားကြီးကများ

Waiting For You Where stories live. Discover now