18

146 25 3
                                    


မနက်ခင်းငှက်လေးတွေရဲ့ ကျည်ကျည်ကျာကျာအော်မြည်သံက နားစည်ကိုလာရောက်တိုက်ခတ်တာကြောင့် ခေါင်းအုံးနဲ့နားကိုကာထားမိတယ်။ အိပ်ယာထဲမှာ ပျင်းကြောဆန့်ရင်း
စားပွဲပေါ်ကဖုန်းကို မမှီမကန်းလက်လှမ်းယူပြီး screen ကို
နှစ်ချက်တောက်ကြည့်လိုက်သည်။

"အာ ရှီး...alarmကဘာလို့မမြည်ပြန်တာလဲ

အတန်းစချိန်နှင့် နီးကပ်နေပြီဖြစ်တဲ့အချိန်ကိုမြင်ပြီး
အိပ်ချင်နေတဲ့စိတ်ပင်ပျောက်ကာ မျက်လုံးပြူးကျယ်သွား
ရတယ်။တစ်ယောက်ထဲ ငြူစူကာအမြန်ကုန်းရုန်းထပြီး
ရေချိုးခန်းထဲပြေးဝင်ရသည်။

ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာတော့ ဖေဖေကဆိုဖာ
ပေါ်တွင်ထိုင်နေလျှက် စာအုပ်ဖတ်နေရာက သူ့ကိုမြင်တော့
ထလာသည်။

"သား နောက်ကျနေတာလား

"ဟုတ်တယ်ဖေကြီး အိပ်ယာထတာနောက်ကျသွားလို့

"မနက်စာတော့စားသွားမယ်မှတ်လား

ဖေဖေပြင်ပေးထားတဲ့ စားပွဲပေါ်က ကြက်ဥ‌ထမင်းကြော်ကို
ကြည့်ပြီး နှမြောစိတ်နဲ့တံထွေးမြိုကျကာ

"ပေါင်မုန့်ပဲစားသွားလိုက်မယ် လက်ကနေကိုင်ပြီး

"ခဏလေး ဒါဆို

ဖေဖေကြော်ပေးတဲ့ ထမင်းကြော်ဟာ သူ့ရဲ့အကြိုက်ဆုံးအစားအစာဖြစ်တယ်။ နေ့တိုင်းစားခိုင်းရင်တောင် စားနိုင်တဲ့အထိကို ထယ်ရယ်ကြိုက်တယ်။
အခုတော့ ပေါင်မုန့်နဲ့ပဲနှစ်ပါးသွားရတော့မည်။
ဖေဖေကခဏလေးဆိုပြီး စတော်ဘယ်ရီယိုကို
ခပ်မြန်မြန်ပဲသုတ်ပေးကာ ပါးစပ်သုတ်ဖို့အဆင့်သင့် တီရှူးကိုယူလာပေးသည်။ ဖေဖေပေးတာကို ယူပြီး ဘက်စ်ကားဂိတ်ဆီအမြန်သုတ်ခြေတင်ရတယ်

ဘက်စ်ကားပေါ်ကာဆင်းတော့လည်း တစ်ခါကျောင်းထဲကိုရောက်ဖို့ ပြေးရပြန်တယ်။ ဂိတ်နဲ့ ကျောင်းက
အရမ်းမဝေးသော်လည်း အရမ်းလည်း နီးလည်းမနီးပေ။ ထယ်ရယ်ပြေးလာနေတဲ့လမ်းရဲ့ ခပ်လှမ်းလှမ်းမှာ
ရပ်နေတဲ့ ရင်းနှီးနေတဲ့ကျောပြင်ကို မြင်တွေ့နေရတယ်။

နောက်ကနေမြင်နေရတဲ့ ငွေမင်ရောင်ဆံပင်တို့က ရစ်ခီဖြစ်ကြောင်းကိုဖော်ပြနေတယ်။ ရစ်ခီကသူ့ကိုမြင်တော့
ရယ်ပြီးလက်မြှောက်ပြနေသေးတာ။ ထယ်ရယ်လည်း
ခဏအမောဖြေလို့ရအောင် ရစ်ခီ့ရှေ့မှာရပ်လိုက်ပြီးမှ အသက်ကိုဝဝရှုရသည်။ခါးကိုကုန်း၍ လက်နှစ်ဖက်နဲ့ ဒူးကိုထောက်ထားပြီး ဟောဟဲဆိုက်နေတဲ့ ထယ်ရယ့်လက်ကို
ဘာမပြောဘာမပြောနဲ့ကိုင်ကာ ဆွဲပြေးတဲ့ ရစ်ခီ့နောက်ကို တစ်ခါနောက်ကနေထပ်လိုက်ကာ ပြေးရပြန်သည်။

Waiting For You حيث تعيش القصص. اكتشف الآن