Introduce

830 26 5
                                    

       " Chimon ..... ဘယ်လိုလဲ မင်းဒီအပတ်လဲ အဆင့်
၁ ရပြန်ပြီမလား "
      " Chimon .... မင်းနိုင်ငံအဆင့်ပြိုင်ပွဲမှာဝင်ပြိုင်
ပါလားတဲ့ .... နည်းပြက မင်းကိုခေါ်နေတယ် "
       " Chimon ..... ငါတို့ပွဲတော်နေ့အတွက် သီချင်း
စပ်ကြမလို့ မင်းသီချင်းဆိုပေးပါလား "

တစ်ကျောင်းလံုးက အတော်ဆံုးလို့သတ်မှတ်ခံရတဲ့
ကျွန်တော် .....
တစ်ကျောင်းလံုးက Chimon ဆိုတဲ့နာမည်ကိုမသိတဲ့
သူမရှိအောင် အဖက်ဖက်က ပြည့်စံုတဲ့ကျွန်တော် ....
ဘဝကြီးကပျော်ရွှင်စရာတွေနဲ့ အေးချမ်းခဲ့တာ .....
ဘာလို့အဲ့လိုပြောနိုင်တာလဲ ....
ကျွန်တော့်အဖေကလဲ နာမည်ကြီးတဲ့နိုင်ငံရေးသမား
ဖြစ်ပြီး .... မျိုးရိုးကလဲအရမ်းချမ်းသာလို့လေ
အရမ်းဂုဏ်ယူစရာကောင်းတဲ့ သားတစ်ယောက်ဖြစ်
ခဲ့တာ .....
တစ်နေ့မှာတော့ အရာအားလံုးပြိုလဲခဲ့ရတယ်

      " သခင်လေး ...... "
      " သားလေး .... နိုးလာပြီလား "
ယောင်ဝါးဝါး အသံတွေကိုကြားနေရတယ်.....
အဲ့အသံတွေကြားမှာ ကျွန်တော်နိုးထလာတယ်
အဖေ့ရဲ့အသံ .....

       " အဖေလား ..... အဖေ..... ဘာလို့မီးမထွန်းထား
တာလဲ .... ဘာလို့အကုန်လံုးမှောင်နေတာလဲ "
      " Chimon ..... "

မဟုတ်ဘူး .... တစ်ခန်းလံုးမှောင်နေတာမဟုတ်ဘူး
မမြင်ရတော့တာ ..... အလင်းရောင်ကိုမမြင်ရတော့တာ

      " Chimon Wachirawit လား .... ရဲစခန်းကပါ
အရက်သောက်ပြီးယာဉ်မောင်းမှုနဲ့ ယာဉ်စည်းကမ်း
ချိုးဖောက်ရေးအတွက် စံုစမ်းမေးမြန်းခွင့်ပြုပါ "

မဟုတ်ဘူး .... ငါအရက်မသောက်ဘူး .....
ငါကအရက်သောက်တတ်တဲ့သူမဟုတ်ဘူး .....

      " အဖေ .... ညီလေးကိုဘယ်လိုလုပ်မှာလဲ
ရဲစခန်းကနေမထုတ်တော့ဘူးလား .... သူနေမကောင်း
ဘူးလေ .... မျက်လံုးလဲကားမှန်စတွေကြောင့်မမြင်
ရဘူးလေ .... အဖေ ... "

တော်တော်ကြာထိ အဖေကစဉ်းစားနေခဲ့တယ်
ဒီလောက်ထိ လေးလေးနက်နက်ရှိတဲ့ပံုစံကိုမမြင်ရ
တာကြာခဲ့ပြီမလား ....

      " သတင်းတွေဘယ်လိုတက်လာပြီလဲ .....
အတွင်းရေးမှူးချုပ် "
       " အရမ်းဆိုးတဲ့ကောလဟာလတွေများနေပါတယ်
ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားပေးဖို့အတွက်
တောင်းဆိုမှုတွေပါ ရှိနေပါတယ် "
       " ဒါကိုဘယ်လိုဖြေရှင်းသင့်လဲ "
       " မကောင်းတဲ့အကြံတစ်ခုတော့ရှိပါတယ် ....
ဝန်ကြီးချုပ် အဆင်ပြေနိင်ပါ့မလားမသိပေမယ့်
ပြောချင်ပါတယ် "

Light Onde as histórias ganham vida. Descobre agora