Part 18:

161 17 2
                                    

" နင်လား ..... "

မဟုတ်ပါဘူးလို့ ဘယ်နှစ်ကြိမ်လောက်ငြင်းနေရဦးမှာ
လဲ ......

" ငါမဟုတ်ဘူးဆို ....မင်းတို့ကငါ့ကိုလမ်းဘေး
မရောက်အောင် ပံ့ပိုးပေးထားတာလေ
အဲ့ဒါကိုငါက .... Chimon ကိုထိရလောက်အောင်
ညဏ်မရှိတဲ့ငတံုးမို့လား "
" အဲ့ဒါဆို ဘယ်သူဖြစ်နိုင်လဲ .... သူ့ကိုအဲ့လောက်
တောင်သတ်ချင်နေတဲ့သူက .... ရက်ရက်စက်စက် "
" မပြောတတ်ဘူး .... ဒါနဲ့ Ganhan ရော "
" သတိမရသေးဘူး .... ဒဏ်ရာကပြင်းတယ်
တကယ့်လူသတ်သမားတွေပဲသံုးတဲ့ လက်နက်လေ
နင်မဟုတိရင်လဲပြီးတာပဲ ..... လောလောဆယ်ဒါနဲ့
သံုးလိုက် "

Bank Card တစ်ကဒ်ကိုပေးပြီး ထိုင်နေရာကနေထ
ထွက်လာခဲ့တယ် .....

Perth လား ..... ငါသူ့ကိုမြင်လိုက်ရတယ်
အိမ်မက်လား ... စိတ်ကူးထဲမှာလား ...
ဘာလို့ အဲ့မျက်နှာက ခဏခဏ ပေါ်လာရတာလဲ

" ဥက္ကဌ ..... ဆေးရုံဆင်းလို့ရပြီတဲ့ "
" ဟုတ်လား .... ကောင်းတာပေါ့ .... အလုပ်ကိစ္စ
လဲပြီးပြိဆိုတော့ လေယာဉ်လက်မှတ်ဖြတ်ထားလိုက်
တော့ "
" ဟုတ်ကဲ့ ..... "

ရုတ်တရက် စားပွဲပေါ်က လင်းလက်နေတဲ့တစ်ခုခုကို
သတိထားလိုက်မိတယ်

" ဒါက ...... "
" အာ .... အဲ့ဆွဲကြိုးက ဆေးရုံရောက်လာတော့
ဥက္ကဌလက်ထဲမှာ ပါလာတာတဲ့
ဥက္ကဌရဲ့ဟာ မဟုတ်ဘူးလား "

လက်ဝါးကပ်တိုင်အသေးလေး ..... ဒီပံုစံကို Perth ရဲ့
ဖုန်း Wallpaper မှာတွေ့ဖူးတာပဲ
ဘာလို့အဲ့လောက်ထိ ပံုစံတူနေတာလဲ .....

" ငါ့ကိုခေါ်လာပေးတဲ့သူ .... နာမည်ဘာလဲ "
" မသိဘူး .... နာမည်တော့ "

မဖြစ်နိုင်လောက်ပါဘူး .... Perth ကငါ့အတွက်မရှိ
တော့တဲ့သူမလား
အိမ်ပြန်ဖို့ စဉ်းစားတာပဲကောင်းပါတယ်

ဆေးရုံမှာ ဘာလို့အဲ့လောက်ရှုပ်ယှက်ခတ်နေတာလဲ
အရေးကြီးလူနာရှိနေလို့လား .....
သူနာပြုတွေရော ဆရာဝန်တွေရော .... ပြေးလွှားနေ
ကြတာ

" နှလံုးခုန်နှုန်း လျော့ကျသွားပါတယ် "
" အာ .... တာဝန်ကျဆရာတော့အလုပ်များနေပြီ
ဓားထိုးမှုနဲ့ရောက်လာတဲ့လူနာက .... ဆက်တိုက်
အသက်အန္တရာယ် စိုးရိမ်နေရတာ ..... "
" လူနာရှင်က အဲ့ဒါကိုအတင်းဆေးရုံပြောင်းဖို့
စီစဉ်နေတာမလား "

Light Where stories live. Discover now