Part 5: That Begin ....

202 21 5
                                    

       ခရီးမသွားဖြစ်တာ ဘယ်လောက်တောင်ကြာခဲ့ပြီ
လဲဆိုတာမသိဘူး .....
ခြေသံတွေ .... စကားပြောသံတွေက စံုလင်နေတာ
ဘာကဘာမှန်း မခွဲခြားနိုင်လောက်အောင် ဆူညံနေတယ်

     " ဒါကိုတပ်ထား .... ဒါလဲဆောင်းထား "

နေကာမျက်မှန်တစ်လက်ကို တပ်ပေးပြီး ဦးထုပ်လေး
တစ်လံုးကိုဆောင်းပေးလိုက်တယ်

     " ကျွန်တော့်နောက်က ဖြည်းဖြည်းလိုက်နော် "

လက်ကိုဆွဲပြီး ..... သူဖြည်းဖြည်းချင်းလျှောက်လှမ်း
ပေးခဲ့တယ်
အရမ်းသဘောကျတယ် ... ဒီအားကိုးတကြီးဆုပ်ကိုင်
ထားရတဲ့ လက်တစ်စံုကိုပေါ့

      " ဖြညိးဖြည်းတက် ..... "
      " ကားလား ..... ဘယ်သူ့ကားလဲ Perth မောင်းမှာ
လား "
      " ဟုတ်တယ်လေ ..... ကားကြိုငှါးထားတာ
လေအေးအေးလေးနဲ့ စီးလို့ရတဲ့ .... ပြိုင်ကားငှါးထား
တာ "

ချက်ချင်းခါးပတ်ကြိုးကိုတင်းနေအောင်ကုတ်ကိုင်ထားမိတယ်
ကြောက်တယ် ..... ကားနဲ့ပတ်သတ်တဲ့အရာက trauma တစ်ခုလိုပဲ .....

      " မျက်နှာကဘာဖြစ်လို့လဲ ..... "
      " ကြောက်တယ် ..... "
      " ဟင် ..... ကားမောင်းကျွမ်းပါတယ် "
      " မဟုတ်ဘူး .... ဒီတိုင်း .... ကားမှောက်ဖူးလို့
ကြောက်လို့ "
      " ဒါဆိုလဲ ဒီလိုစီးကြတာပေါ့ ..... "

သူ့လက်တွေနဲ့ ချက်ချင်းတုန်လှုပ်နေတဲ့လက်တစ်ဖက်
ကို အတူတူယှက်နွယ်ထားလိုက်တယ်

      " လက်တစ်ဖက်ထဲနဲ့လဲ မောင်းနိုင်ပါတယ်
မကြောက်ပါနဲ့ .... စထွက်တော့မယ်နော် "

ကြောက်စိတ်တွေက လွင့်ပျယ်သွားသလိုပဲ ခံစားရတယ် ..... ရင်ခုန်တာတွေကမြန်နေတယ်
သူ့ရဲ့ဂရုစိုက်မှုတွေကြောင့်လား .... အပြုအမူတွေ
ကြောင့်လား .... သူ့ရဲ့တီးတိုးစကားသံတွေကြောင့်လား ....
နှလံုးသားက တော်တော်လေး ကြွေကျနေပြီ

ဘယိသူကမှ ငါ့ကိုလူသတ်သံသယရှိသူ ....
ဝန်ကြီးချုပ်ရဲ့သား .... ဒုက္ခိတတစ်ယောက်လို မမြင်ကြပဲ .... လွတ်လပ်အေးချမ်းမှုကို ပျော်ရွှင်စာခံစား
နေရတယ်

     " Chimon ...... "

သခင်လေးလို့မခေါ်တာက ပိုနားထောင်လို့ကောင်းတယ် ....  အခုလိုမျိုငါ့နာမည်ကို မကြားရတာ
ဘယ်လောက်ကြာခဲ့ပြီလဲ

Light Where stories live. Discover now