Part 15: Please Don't let me go

227 27 2
                                    

        " Perth .... "

နိုးလာတာနဲ့ သူ့ကိုစပြီးတွေ့ချင်တာပဲ .....
ဒါပေမယ့် ငါ့ရည်းစားက ဘယ်ရောက်နေပါလိမ့်

       " အော် ..... Perth ကိုတွေ့မိလား "
     " ဟုတ်ကဲ့ ..... မီးဖိုချောင်မှာရှိပါတယ် သခင်လေး "

မီးဖိုချောင်တဲ့လား ..... မီးဖိုချောင်မှာဘာလုပ်နေတာလဲ
အောက်ထပ်ကိုပြေးဆင်းသွားတာနဲ့ မီးဖိုချောင်မှာ
အလုပ်ရှုပ်နေတဲ့ Perth ကိုမြင်လိုက်ရတယ်

       " Perth .... ဘာလုပ်နေတာလဲ "    
       " နိုးပြီလား ..... ထိုင် မြန်မြန်လေး "

အနောက်ကနေလာပြီးပခံုးကိုအတင်းတွန်းပြီး
စားပွဲဝိုင်းဆီ ခေါ်သွားခဲ့တယ် .....
ဝါး .... စားစရာတွေအပြည့်ပဲ

       " ဒါတွေကို ဘယ်တုန်းကပြင်ထားတာလဲ .....
အများကြီးပဲ ..... "
        " အစောကြီးပေါ့ .... ကိုယ်တိုင်ချက်ထားတာမို့
အများကြီးစားရမယ်နော် "
       " ဝါး .... မိုက်လိုက်တာ ... ကောင်းမယ့်ပံုပဲ "

ပြံုးရင်း အားပါးတရစားနေတဲ့ကောင်လေးကိုကြည့်
ရတာ အလိုလိုပီတိဖြစ်မိတာပေါ့ .....

      " ဒါနဲ့ ..... ဒီနေ့လူသိပ်မတွေ့ပါလား "
      " အော် .... ဒီနေ့ကိုတို့နှစ်ယောက်ထဲနေချင်လို့
မုန့်ဖိုးပေးပြီးနားရက်ပေးလိုကိတယ် "
      " ဟင် .... နေပါဦး ... ကျွန်တော့်ခွင်ပြုချက်မပါပဲ
နဲ့လား "

စားပွဲပေါ်တင်ထားတဲ့လက်ကိုဆွဲပြီး ပြွတ်ခနဲမြည်
အောင် နမ်းရှိုက်လိုက်တယ် ....

      " ကို့စိတ်ကမင်းစိတ်ပဲမလား .... ကို့ခွင့်ပြုချက်က
မင်းခွင့်ပြုချက်ပဲပေါ့ "

ဘာလို့ကလေးစကားကို သဘောကျပြီးရီမိပါလိမ့် ....

      " ဟုတ်ပါပြီ .... ဒါဆို ဒီနေ့အိမ်မှာ ဘာလုပ်မှာလဲ "
      " အင်း .... ပံုမှန်စံုတွဲတွေလို .... ကော်ဖီသောက်
ရင်း ရုပ်ရှင်ကြည့်ကြမယ် .... လသာဆောင်မှာလေ
အေးအေးလေးတွေခံစားပြီး ချစ်တဲ့အကြောင်းတွေ
ပြောကြမယ် "

ဒီနေ့ထူးထူးဆန်းဆန်း Perth ကအရမ်းချိုသာတဲ့စ
ကားတွေပြောနေတာပဲ ....

" ဒီနေ့ဘာဖြစ်နေတာလဲ ..... ထူးဆန်းလိုက်တာ "
" ဘာမှမဖြစ်ပါဘူး .... ဒီတိုင်း.. တစ်ရက်လောက်မင်းနဲ့အတူရှိချင် လို့ပါ "

Light Where stories live. Discover now