Part 4: New Cast

198 21 2
                                    

           " ဦးလေး ..... Perth မနိုးသေးဘူးလား
ဒိနေ့အသံမကြားမိပါလား "
           " သူနေသိပ်မကောင်းလို့ နားခိုင်းထားပါတယ် "

စိတ်မကောင်းဖြစ်မိတယ် အားနာစိတ်ပါအတူတူပေါ့
ငါ့ကြောင့် သူနာကျင်ရတယ် ..... ဆိုတဲ့ အသိစိတ်

      " သူအိမ်ပြန်ချင်လား မေးကြည့်လိုက်ပါ .....
ပြန်ချင်ရင် ခဏလောက်နားရက်ပေးလိုက်ပါ "
       " ဟုတ်ကဲ့ ..... သခင်လေး အဆင်ပြေရဲ့လား "
      " ဟုတ် .... အဆင်ပြေပါတယ် "
      " ကျွန်တော်က သခင်လေးတို့ငယ်စဉ်ထဲက
စောင့်ရှောက်လာခဲ့တာ ..... သခင်လေးက စိတ်နူးညံ့ပါတယ် .... မနေ့က "
       " တော်လိုက်ပါတော့ .... ဦးလေး ပြောချင်တာကို
ကောင်းကောင်းသိပေမယ့်လဲ ..... လူငယ်တစ်ယောက်
ကကို့ထပ်အကြီးကိုပြောတာနဲ့ ရိုင်းစိုင်းတာမဟုတ်ပါ
ဘူး .... လူငယ်တွေလဲငယ်ရွယ်ပေမယ့် ခံယူချက်တွေ
ပြောပြခွင့်ရှိပါတယ် "

Chimon ရဲ့စကားတစ်ခွန်းကြောင့် မနက်စာဝိုင်းက
တိတ်ဆိတ်သွားပေမယ့်လဲ ......

     " ကျွန်တော်ညက အမှတ်မထင် ကြားလိုက်ပါ
တယ် ..... ဦးလေးနဲ့ Perth စကားပြောနေတာကို
ဦးလေးတို့ အဖေတို့က ..... Perth ကြောင့်လို့ထင်ချင်
ထင်နိုင်ပါတယ် .... ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လဲ
တစ်ခါတစ်လေ ပြတ်သားဖို့လိုအပ်လို့ပါ
မနက်စာစားလို့ကောင်းပါတယ် ..... နေ့လည်အပြင်
သွားဖို့ရှိလို့ ကားစီစဉ်ပေးထားပါ "

နေ့လည်ရောက်တဲ့အထိ Perth ရဲ့အသံ .... အငွေ့အ
သက်ကို မရသေးဘူး
မေးချင်ပေမယ့်လဲ ... ညကအဖြစ်အပျက်ကြောင့်သူ
အချိန်လိုအပ်မယ်ထင်ပါတယ်
ခဏလောက်တော့ လျစ်လျူရှုထားဖို့ လိုအပ်လိမ့်မယ်

      " ရောက်လာပြီလား ..... "
      " ဟုတ်ကဲ့ အဖေ ..... သားသတင်းကောင်းယူလာ
တယ် ..... King Group ရဲ့ CEO နဲ့တွေ့ဖို့အခွင့်လမ်း
ရလိုက်ပြီ ..... မိန်းကလေးတစ်ယောက်ဦးဆောင်တာ
တဲ့ အဖေ "
" မိန်းကလေးလား ..... Naron ..... သေချာတွေ့
ပြီးအခြေအနေကိုသံုးသပ်ခဲ့ .... King Group ကိုသာ
လက်တွဲလို့ရနိုင်ရင် ..... ဒီနိုင်ငံရဲ့စီးပွါးရေးစျေးကွက်
ကအဖေတို့ အပိုင်ဖြစ်လာမှာ "
" ဟုတ်ကဲ့ ..... "

မိန်းကလေးလို့ကြားပေမယ့် .... အသက်ရွယ်ကြီးမယ်
ထင်ခဲ့မိတာ .....
ဒီလောက်ငယ်ရွယ်ပြီး လှပတဲ့မိန်းကလေးဖြစ်မယ်လို့
မထင်ထားမိဘူး

Light Tempat cerita menjadi hidup. Temukan sekarang