Part 6: Past ...

186 25 2
                                    

       ငယ်ငယ်ထဲက အဖေပြောနေကျစကားတစ်ခွန်း
ရှိတယ်

" သန်မာရမယ် ..... လောကမှာ ရက်စက်တတ်တဲ့သူ
တွေကပဲ အာဏာရနိုင်တာ
အဖေ့သားက .... အဲ့လိုဖြစ်နေမှရမယ် "

     အသက် ၈ နှစ်လောက်ထဲကစပြီး ... ကရာတေး
ဂျူဒိုတင်မကဘူး .... ပန်းချီ .... ဂီတအကုန်လံုး
တတ်မြောက်အောင်သင်ရတဲ့ မိသားစုမှာကြီးပြင်းရ
တယ် ....
မူးယစ်ဆေးဆိုတာကို ငယ်ငယ်လေးထဲက ထိတွေ့ရ
တယ် ....
အဲ့အရာက .... ကျွန်တော်တို့မိသားစုကိုကြီးပွါးစေတဲ့
အဓိကအရာပဲ
အမှောင်လောကမှာ ကြီးပြင်းလာရပြီး .... အဲ့လောက
မှာ ကျွန်တော့်ကို GanHan လို့ခေါ်ကြတယ်

     " မင်းတို့အိမ်ပေါ်ကဆင်းချင်ရငိတောင် ငါ့သားကို
ခေါ်သွားလို့မရဘူး .... ငါ့သားကိုထားပြီး
မင်းဆင်းချင်ဆငိးသွားလိုက် "

အမေနဲ့ညီမလေးထွက်သွားပြီး သိပ်မကြာလိုက်ဘူး
အဖေက .... မတော်တဆမှုတစ်ခုနဲ့ ဆံုးသွားခဲ့တယ်
အသက် ၁၆ နှစ်လောက်နဲ့ မကောင်းတဲ့အရာ ....
မကောင်းတဲ့ ဒုစရိုက်တွေအားလံုးကို ဆက်ပြီးလက်
လွှဲယူခဲ့ရတာ အခုထိပေါ့

      " GanHan !!!!! ဒီမှာကြည့်ပါဦး .... နင့်ညီမလေး
သတင်းကို သိခဲ့ရတယ် ... သူဘန်ကောက်မှာပဲတဲ့ "
      " ဟုတ်လား .... "

တခြားသူနဲ့ဆ်ို ရက်စက်တတ်တဲ့ ကျွန်တော်က ....
ညီမလေးကိုတွေ့ဖို့ကို အရမ်းပျော်နေခဲ့မိတာ ....
အမေရယ် .... ညီမလေးရယ်နဲ့ အတူနေဖို့အတွက်
King Group ကိုစပြီးတည်ထောင်ခဲ့တယ်
May ဆိုတဲ့ကောင်မလေးနဲ့ အတူတူ .....
ရာချီတဲ့လက်အောက်ငယ်သားအားလံုးကို ပြန်ငဲ့နိုင်
ဖို့ အဲ့လုပ်ငန်းစုကိုအခြေချဖို့ အချိန် ၂ နှစ်လောက်သံုးခဲ့ရတာ
ဘန်ကောက်ကို ပြန်ချင်လို့ .....

      " အကိုလား ..... "
      " သားလေး .... "

တွေ့တွေ့ချင်း ကျွန်တော့်ကိုအနွေးထွေးဆံုးထွေးပွေ့
ပေးတဲ့ မိန်းကလေးနှစ်ယောက်ကို .....
ကျွန်တော် အရမ်းချစ်သလို ...အရမ်းတန်ဖိုးထားတယ်

     " ဟယ်လို .... P "
     " သူငယ်ချင်းရဲ့မွေးနေ့ပွဲမှာဆို ... ဘာလို့ အကို့ကို
ဖုန်းဆက်တာလဲ "
     " ညီမလေးကို ကိုကိုလာခေါ်ပေးနိုင်မလားလို့လေ "
     " ဘာလို့လဲ .... ညီမလေးကို ဒရိုင်ဘာထည့်ပေး
လိုက်တာကို .... ကိစ္စတစ်ခုခုရှိလို့လား "
      " မဟုတ်ပါဘူး .... ဘာလို့လဲမသိ .... ကိုကိုမောင်း
တဲ့ကားစီးချင်လို့ .... လာခေါ်ပါ ... နော်နော် "

Light Where stories live. Discover now