Part 7: Feelings ....16+

293 21 2
                                    

16+ Warning ⛔️

အတူတူမနက်စာစားရတာတောင် ပြီးပြည့်စံုတဲ့
မနက်ခင်းဖြစ်နေတာပဲ ....
" ဒါက လက်ဖက်ရည် .... ပူမယ်နော် "
" ကျေးဇူးပါ ..... "

Chimon မလား .....
ကျွန်တော့်နာမည်ကိုရုတ်တရက် တစ်စံုတစ်ယောက်
ဆီကကြားလိုက်ရတယ်

" ဟေ့ကောင်.... မင်းကိုမတွေ့ရတာဘယ်လောက်
ကြာပြီလဲ .... ငါလေ ..... Chone လေကွာ "

ကျောင်းတုန်းက .... အမြဲငါ့ထပ်အဆင့်နိမ့်ခဲ့တဲ့သူ

" အေး .... မတွေ့ရတာကြာပြီ "
" မယံုနိုင်စရာပဲ .... မင်းတကယ် မမြင်ရတော့တာ
ပဲ .... မင်းကအရမ်းပြည့်စံုခဲ့တော့ ဒီလိုမြင်ရတာ
ရင်နာစရာကွာ "

လက်ထဲက ဇွန်းနဲ့ခရင်းကို ကျစ်ကျစ်ပါအောင်ဆုပ်
ကိုင်ထားမိတယ်
လူတွေအထင်မြင်သေးခံရတဲ့ ခံစားချက်ကြီးက
နာကျင်ရလွန်းတယ် ....

" ဟေ့ .... မင်းလစ်လိုက်တော့ "
" မင်းကဘာကောင်လဲ .... ငါဘယ်သူလဲသိလား "
" စောက်ဂရုမစိုက်ဘူးကွ ..... "

ခွမ်း .... လက်ထဲက ဖန်ခွက်ကို ကြမ်းပြင်ပေါ်အားနဲ့
ပြစ်ပေါက်လိုက်တာ ....
အကုန်လံုး ငြိမ်သက်သွားတယ်

" Perth !!!! ထိခိုက်သွားသေးလား "
" အော် .... မင်းကအမြဲတမ်း .... မိန်းမတွေကိုစိတ်
မဝင်စားလို့ ... ငါတို့က Gay လို့ထင်ထားတာ
အခုတကယ် မင်းလင်နဲ့ပါလား "
" မင်း ..... "

ဆွဲထိုးဖို့ ပြင်လိုက်ပေမယ့် .... Chimon ကလက်မောင်းကိုအတင်းဆွဲထားတယ်

" Perth .... မလုပ်ပါနဲ့ .... သွားကြရအောင် "
" အာ ... လင်ကိုထိမှာကြောက်နေတာလား
Chimon .... မင်းကောင်လေးကိုဘာမှမလုပ်ပါဘူး
ဒါပေမယ့် သူကငါ့ကိုလာစော်ကားတာကို ....
သည်းမခံနိုင်ဘူး "

ဆက်ပြီးသည်းမခံနိုင်တော့ဘူး ..... အတင်းဆွဲထားတဲ့
Chimon လက်ကိုလွှတ်ချပြီး
ကွဲကျေနေတဲ့ဖန်ကွဲစကို ကောက်ကိုင်လိုက်တယ်

" မင်း .... ဒါဘာလုပ်ဖို့လဲ "

ဖန်ကွဲစကိုကိုင်ရင်း သူ့ဆီ ဖြည်းဖြည်း ... ချင်းလျှောက်သွားလိုက်ပြီး သူ့ပါးတွေပေါ်ကိုချိန်ရွယ်လိုက်တယ်

Light Where stories live. Discover now