Part 19: His Pains

203 19 0
                                    

" ဘယ်လိုနေသေးလဲ ..... "
" အခြေအနေအများကြီးတည်ငြိမ်လာပါတယ်
မမလေး "
" တော်သေးတာပေါ့ ..... "

ရေဘက်ဝတ်လေး ယူပြီးသူ့လက်နဲ့မျက်နှာကိုသေချာ
သုတ်ပေးလိုက်တယ် .....
ဒါပေမယ့် May ကသူ့လက်တွေကိုရပ်တန့်လိုက်တယ်
Perth ရဲ့လည်ပင်းက ဆွဲကြိုးကိုကိုင်ကြည့်ရင်း
ခဏတာ အတွေးများခဲ့တယ်

" Pavel !!!!! "

အသံကျယ်ကြီးက လူတိုင်းကိုတကယ်တုန်လှုပိစေမှာ
ဖြန်း ...... အနားကိုလူရောကိလာတာနဲ့ ပါးကိုအားပြင်း
ပြင်းရိုက်ချလိုက်တယ် .....

" ဘယ်သူရောက်လာတာလဲ .... ငါ့ခွင့်ပြုချက်
မရှိပဲ ဘယ်သူဒီအခန်းထဲကိုဝင်လာတာလဲလို့ "
" မမလေး .... "
" နင်ငါ့ကို အရူးလုပ်တိုင်းရမယ်ထင်နေလား
အဲ့ဆွဲကြိုး ..... အဲ့နေ့ထဲကငါမတွေ့တော့တာ
မှန်မှန်ပြော Chimon မလား !!!!! "

တံု့ဆိုင်းမှုမရှိပဲ ခေါင်းညိမ့်လိုက်တယ်

          " နင် တကယ်အရူးပဲ ..... "
          " မမလေး ..... Boss ရဲ့စိတ်ခံစားချက်ကိုသိ
တယ်မလား .... အရဲစွန့်ပြောပါရစေ
ဒီလိုပံုစံမြင်နေရတာ သူ့အစားရင်နာလို့ပါ "
" နင်အရူးပဲ .... ဘာလဲ .... ငါက Ganhan ကို
ချစ်လို့ Chimon နဲ့ခွဲထားတယ်ထင်နေတာလား
ငါသူ့ကိုချစ်ရင်တောင် သူမလိုလားတာကို ငါလဲမလို
လားဘူး .... အတင်းလုပ်ယူပြီးချစ်တာကိုငါလဲမလို
ချင်ဘူး "
" ဒါဆို ဘာလို့ ...... "
" Ganhan ကိုယ်တိုင်က မလိုလားလို့လေ
သူတို့နှစ်ယောက်က ဘယ်တော့မှပေါင်းစပ်နိုင်မှာမ
ဟုတ်ဘူး .... နီးကပ်လာလေနာကျင်ရလေဖြစ်မှာ
အဲ့ကြောင်နင့်အခုလုပ်ရပ်က နင့်Boss ကိုပိုနာကျင်စေ
မှာ .... ဖယ် ငါ့ရှေ့က "

တံခါးရှေ့မှာ အသင့်ရပ်စောင့်နေတဲ့သူကိုမြင်လိုက်ရ
တာ ..... ရုတ်တရက်လန့်တောင်သွားမိတယ်
Chimon ..... သူကဒီကိုဘာလို့ရောက်နေတာလဲ

" ကြားလိုက်တာလား .... ခိုးနားထောင်နေတာ
ပဲ .... ငါတို့စကားပြောတာကို "
" အဲ့ဒါတွေမပြောခင် မင်းနဲ့တွေ့ချင်လို့လာခဲ့
တာ .... May
အချိန်ခဏလောက်ပေးလို့ရမလား "

သူ့ကိုထောက်ထားတဲ့အနေနဲ့ .... အချိန်တစ်ခုပေးဖို့
ဆံုးဖြတ်ခဲ့တယ်
ပထမဆံုးအနေနဲ့ Ganhan ရဲ့အိမ်ဆီ သူ့ကိုခေါ်သွား
ခဲ့တယ် .....

Light Where stories live. Discover now