Part 10: Happiness

174 23 2
                                    

        " သိပ်လဲမစားဘူး ... စားမကောင်းဘူးလား "
        " မဟုတ်ပါဘူး ... အပြင်စာတွေမစားတာကြာလို့
ထင်တယ် .... သိပ်စားမဝင်ဘူး "
         " ဟုတ်လား ဒီဆိုင်က .... မိှုဟင်းရည်အရမ်း
ကောင်းတာ သဘာဝတွေမို့လို့လေ
စားမဝင်ရင် ဟင်းရည်လေးသောက်ကြည့်မလား "

စိတ်ထဲမှာဇဝေဇဝါတော့ ဖြစ်မိသား .....
ဒီနေရာက နာမည်ကြီးပေမယ့် အရမ်းစျေးကြီးတဲ့ဆိုင်
လေ .....

" Perth ကဒီမှာ ခဏခဏလာစားဖူးတာလား "
" ဟင် .... "

Chimon အတွက်အရင်လို စိတ်ကိုမချုပ်တည်းထားရ
တော့ .... အနေအထိုင်ပါမဆင်ခြင်မိသလို ဖြစ်နေပြီ
လား

" မစားဖူးပါဘူး .... ဘာလို့လဲ "
" တော်တော်များများသိနေလို့လေ .... ကျွန်တော်
တောင် တစ်ခေါက်လောက်ပဲရောက်ဖူးတာ
မမှတ်မိတာ .... "
" အာ .... ကိုတို့အရင်သူဌေးက .... အလုပ်ကိစ္စနဲ့
ဒီကိုခေါ်လာဖူးတယ်လေ .... သူပြောဖူးတာ
ကိုလဲသေချာမသိပါဘူး "
" အဲ့လိုလား .... "

သက်ပြင်းကိုဒုန်းဒုန်းချလိုက်တော့တယ် .....
အမှန်အတိုင်းပြောရရင် ကားမောင်းနေတဲ့တစ်လျှောက်လံုး စဉ်းစားနေမိတယ်
ဒီအခြေအနေကို ဘယ်လိုဆက်ပြီးကိုင်တွယ်ရမလဲ
ပန်းတိုင်ရောက်ဖို့နီးကပ်နေတာ သိသိရက်နဲ့ ....
ဘာလို့များ အဲ့လိုလုပ်ခဲ့မိပါလိမ့်
အဲ့လောက်တောင် Chimon ကဆွဲဆောင်ထားတာလား

" Perth .... ငြိမ်နေပါလား .... ဘာတွေစဉ်းစားနေ
တာလဲ "
" ဟင် .... မဟုတ်ပါဘူး .... ကိုတို့ ဒီညမပြန်ပဲ
ကားလျှောက်မောင်းကြမလား "

အကုန်လံုးကိုလွှတ်ချပြီး စိတ်လွတ်ကိုယ်လွတ်ပျော်
လိုက်ချင်တယ်
ဘဝမှာတစ်ခါလောက် ကိုလုပ်ချင်တာကို လုပ်ဖူးချင်
တယ်
ငါလဲ တစ်ခါလောက်တော့ ပျော်ဖို့ထိုက်တန်တယ်မ
လား

" ဦးလေးကြီး စိတ်ပူနေမယ်ထင်တယ် ....
ဒါပေမယ့်လည်း ပျော်စရာကောင်းမယ်ထင်တယ်နော်
လျှောက်သွားကြမလား "

ကောင်လေးရဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်ထားမိပြီး
ပြံုးကြည့်နေမိတယ်

" အော် .... ကစားကွင်းပဲ ရှေ့မှာ
ဝင်ကြမလား "

မမြင်နိုင်ပေမယ့်လဲ Perth သာအတူရှိရင် ဘယ်နေရာ
မဆို .... ပျော်နိုင်တယ်
ဘာမဆို ခေါင်းညိမ့်လိုက်ဖို့ အဆင်သင့်ပဲ ....

Light Where stories live. Discover now