Part 12:Now I can see him

205 24 2
                                    

" ဝင်လာခဲ့ပါ ..... Perth အကြောင်းကိုပြောချင်
တာ ခုနကကိစ္စလား .... "
" သခင်လေး .... ကြားသွားတာလား "

Chimon ရဲ့မျက်နှာက အရင်ထက်အများကြီးတည်
ငြိမ်နေတယ် ....
အတည်ပေါက်စကားတခုခုကိုပြောတော့မယ့် သူလ်ို

" ပြောပါ ..... ဘာကိစ္စလဲ "
" စံုစမ်းနေဆဲပါ ..... သေချာမသိရသေးပေမယ့်
ရည်ရွယ်ချက်တခုခုရှိပံုပါ "
" မသေချာပဲ ဘာလို့ ဦးလေးကခြိမ်းခြောက်နေ
တာလဲ ..... Perth လိမ်ထားတာဆိုရင်တောင်
သူ့မှာအကြောင်းရင်းတခုခုရှိနေမှာပါ "

Chimon ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေစို့တက်လာ
တာကို မြင်လိုက်ရတယ်
ဒီကလေးက .... Perth ရဲ့အမှောင်ဖက်ခြမ်းကို လက်မ
ခံနိုင်တာ ..... မဟုတ်ဘူး .... သူသိရက်နဲ့ လက်မခံချင်
တာ .....

" သူကမကောင်းတဲ့သူမဟုတ်ပါဘူး ......
ဒီတိုင်း ..... သူ့မှာအကြောင်းတခုခုရှိလို့ .....
တခုခုရှိနေလို့ ... "
" သခင်လေး .... အမှန်တရားက လက်ခံဖို့ခက်ခဲ
ပါတယ် ... ဒါပေမယ့် အမှန်တရားပါပဲ "
" ဦးလေး ..... "
" ဒီကိစ္စကိုဆက်စံုစမ်းခွင့်ပြုပေးပါ ....
ဘာကြောင့်ပဲဖြစ်ဖြစ် လူတစ်ယောက်မှာအတိတ်ဆို
တာရှိပါတယ် .... အဲ့အတိတ်ကို သိအောင်လုပ်ရပါမယ် .... "
" ကျွန်တော် ... မလုပ်ချင်ဘူး "

Chimon တကယ်ဘာဖြစ်နေတာလဲ နားမလည်တော့
ဘူး .... ပြောရင်းနဲ့သူငိုနေတာမြင်ရတော့
တကယ်ထပ်တူ ဝမ်းနည်းရတယ်

" ဘာပဲဖြစ်နေဖြစ်နေ ..... ကျွန်တော်ကလက်ခံ
ပေးနိုင်မယ်ထင်တယ် .... သူလိုအပ်တာ ကျွန်တော်ဆို
ရင်တောင် ပေးနိုင်မယ်ထင်ပါတယ်
ဦးလေးသိလား ..... ကျွန်တော်ဘယ်လောက်တောင်
အထီးကျန်ခဲ့ရလဲဆိုတာကို
ပထမဆံုးအနားမှာ တစ်ယောက်ယောက်ရှိနေသလို
ခံစားရတာ သူကြောင့်ပဲ ....
ပြန်ပြီးအခုလို ပြံုးနိုင်ရီနိုင်ငိုနိုင် တာလဲ သူ့ကြောင့်ပါ
ဦးလေး ..... ကျွန်တော်ကလွန်ခဲ့တဲ့ နှစ်ထဲက သေလူပါ
ကျွန်တော်က သေပြီးသားပါ "

သူ့ရင်ဘတ်ကိုထုထုပြီး ပြောနေတာကိုက နာကျင်ရ
တယ် .....

" သေပြီးသားမို့ နောက်တစ်ကြိမ်သေဖို့လဲ
မကြောက်ပါဘူး .....
အဲ့အစား သူမရှိမှာကို ပိုကြောက်တယ် .... ဒါကြောင့်
ဘာမှမလုပ်ပါနဲ့ဦး နော် ..... "
" သခင်မကြီး သားကိုစမွေးထဲက ပြောခဲ့တဲ့စကား
တစ်ခွန်းရှိတယ် ..... သူ့သားလေးက ....
နတ်သားလေးတဲ့ .... ဖြူစင်ပြီး အပြစ်ကင်းစင်လို့
ဘယ်လိုသေမင်းကမှ ခေါ်မှာမဟုတ်ဘူးတဲ့ "
" အမေက .... နောက်တတ်တာပဲနော် "
" ဒါကြောင့် ဦးလေးလဲမင်းကိုယံုကြည်လိုက်
မယ် .... သတိတော့ထားပေါ့ "
" ကျေးဇူးတင်ပါတယ် ..... "

Light Where stories live. Discover now