Part 9: Confession

250 24 1
                                    

          Perth ပြန်လာမယိဆိုတဲ့စကားကြောင့် အခန်း
ထဲမှာ ထိုင်မရထမရနဲ့ .... စောင့်နေခဲ့တာ
တံခါးဖွင့်သံလေးကြားလိုက်တာနဲ့ ... တံခါးနားကို
ပြေးသွားလိုက်မိတယ်

       " နေကောင်းပါရဲ့လား .... သခင်လေး "

ချက်ချင်းအသံလာရာကို ပြေးဖက်လိုက်မိတယ်

      " ဘယ်လောက်စိတ်ပူနေရလဲသိလား  ....
ကြီးကြီးမားမားဖြစ်သွားမှာကိုစိုးရိမ်နေတာ .... "

ဖက်ထားတဲ့ လက်ကို Perth ကဖြည်းဖြည်းချင်းငြင်း
ပယ်လိုက်တယ်

      " ကောင်းသွားပါပြီ ..... "
      " ဟုတ်လား .... ဒါဆ်ို .... "
     " ထွေထွေထူးထူးမရှိရင် အောက်ထပ်ကပဲစောင့်
နေလို့ ရမလား .... အိမ်ထိန်းကြီးကပြောတယ်
ဒီနေ့ .... ပါတီပွဲကိုအတူလိုက်ပေးရမယ်ဆို "
       " ဟုတ်တယ် ..... "
       " ဒါဆို သခင်လေး .... အဆင်သင့်ဖြစ်ရင်ဆင်းခဲ့
ပါ ... စောင့်နေပါမယ် "

အေးစက်ပြီး ... လေးလံနေတဲ့စကားလံုးတွေပဲ
ရက်အနည်းငယ်အတွင်း .... ဘာလို့ပြောင်းလဲသွားရ
တာလဲ

       " Perth !!!! နေဦး
ဒီနေ့ပွဲက အရမ်းကြီးကျယ်တယ်တဲ့ .... ကျွန်တော်မမြင်ရတာသိတယ်မလား .... ဒါကြောင့် Perth ကပဲ ....
ကျွန်တော့်ရဲ့မျက်လံုးတစ်စံုဖြစ်ပေးလို့ရတယ်မလား .... "

မျှော်လင့်တကြီးနဲ့ စောင့်စားနေတဲ့သူ့ဆီ .... အဖြေမြန်
မြန်မပေးနိုင်ခဲ့ဘူး ....

" ဖြစ်ပေးမယ်မလား ..... "
" ဟုတ်ကဲ့ .... အောက်ကနေစောင့်နေပါမယ် "

လေးပင်နေတဲ့ခြေလှမ်းတွေနဲ့ အောက်ထပ်ကိုဆင်းလာ
ခဲ့တယ် ....
နားမလည်နိုင်ဘူး .... ငါ့ကိုသူက .... မချစ်တာလား
သဘောမကျတာလား ....
ရှောင်ပြေးနေရတဲ့ တကယ့်အကြောင်းအရင်းက
ဘာလဲ ....
ကားစီးလာတဲ့တစ်လျှောက်လံုးလဲ တိတ်ဆိတ်နေ
တယ် .... ဒီအချိန်မှာဆုတစ်ခုထဲပဲတောင်းမိတယ်
ကျွန်တော့်မျက်လံုးတွေက ... Perth ရဲ့မျက်နှာကို
မြင်နိုင်ဖို့ .....

" လက်တွဲပေးလေ ..... "

ဘယ်လောက်ပဲ ကလေးလိုချွဲချွဲ .... သူကတာဝန်အရ
ခိုင်းတာကိုပဲလုပ်ပေးနေတဲ့ ခံစားချက်

Light Nơi câu chuyện tồn tại. Hãy khám phá bây giờ