Part 8: Home

218 23 0
                                    

" သခင်လေး .... နိုးလာပြီလား "

ဒါဦးလေးကြီးရဲ့အသံပဲ .... ဦးလေးကြိီးကဘယ်လို
လုပ်ဒီကိုရောက်နေတာလဲ

" ဦးလေးလား .... "
" ဟုတိကဲ့ .... Perth ကသခင်လေးကိုလာခေါ်ပေး
ဖို့စာပို့လို့ပါ .... "
" သူကရော ..... "
" သူအရမ်းနေမကောင်းလို့ .... အိမ်ပြန်နားခွင့်
တောင်းသွားပါတယ် .... သူနေကောင်းတာနဲ့ ပြန်ဆင်း
မယ်ပြောပါတယ် .... အိမ်ပြန်ဖို့ ပြင်လိုက်ရတော့မ
လား သခင်လေး "
" မဟုတ််ဘူး .... အကို့ဆီသွားမယ် "

" Pavel ..... သူဌေးကိုမြန်မြန်လာခေါ် "
May ရဲ့အသံကြားတာနဲ့ .... ဗလတောင့်တောင့် အရပ်
မြင့်မြင့် နိုင်ငံခြားသားတစ်ယောက်က Perth ကိုအခန်းထဲ တွဲခေါ်သွားခဲ့တယ်

" Boss !!!! အဆင်ပြေရဲ့လား .... "
" ဆေးသွားယူလာခဲ့ ..... အဖျားကတော်တော်နဲ့
ကျဦးမှာမဟုတ်ဘူး .... "

ဆေးသွင်းပြီးခဏအကြာမှပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်သွားတယ်

" Pavel .... "
" ဟုတ်ကဲ့ ..... "
" Naron wachirawit .... သူ့ကိုဆက်စောင့်ကြည့်
ထားလိုက် ....နောက်တစ်ခါဒိီလိုအဖြစ်မျိုးရှိလာရင်
မင်းငဲ့ညာနေစရာမလိုဘူး.... ရှင်းတယ်နော် "
" ဟုတ်ကဲ့ ..... "
" နေဦး .... Perth နေမကောင်းတုန်း Chimon ကို
ပါစောင့်ကြည့်ပေးထား .... သူဘာမှမဖြစ်စေနဲ့ဦး "
" ဟုတ်ကဲ့ .... မမလေး "

" ဘာ ..... " ဒေါသသံကြောင့်သူ့နားက တပည့် ၄
ယောက်လောက်က တုန်လှုပ်နေကြပြီ

       " မင်းတို့သူ့တို့ကိုလွတ်သွားတယိ ...  ဟုတ်လား "
      " သူဌေးစိတ်မဆိုးပါနဲ့ ....အဲ့ကောင်က အရက်ကို
သောက်တာ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာ
ဒါပေမယ့် သူတို့ကိုမတွေ့တော့တာ .... "
        " ငါ့ကိုအဲ့စကားကိုယံုခိုင်းနေတာလား ....
အရူးကောင်တွေရဲ့ !!!!! "

သူ့ရှေ့က တစ်ယောက်ကိုခြေထောက်နဲ့ ဆောင့်ကန်
လိုက်တယိ

        " မဖြစ်နိုင်တာ .... ငါအဲ့ဆေးကိုဘယ်လောက်ပေး
ဝယိထားရလဲသိရဲ့လား.... သူတို့လွတ်သွားတာမဖြစ်
နိုင်ဘူး ....ငါကအဲ့ကောင်ကိုမူးယစ်ဆေးသံုးမှုနဲ့
ထောင်ထဲပို့ပြီး.... Chimon ဆီက အမွေတွေတောင်းမှာ ....
မင်းတို့စောက်သံုးတစ်စက်မှ မကျဘူး .... "
          " သူဌေး .... သူဌေးရဲ့ညီလေးရောက်နေလို့
ဝန်ကြီးချုပ်က ခေါ်ခိုင်းလိုက်ပါတယ် "

Light Where stories live. Discover now