Part 3: First Kiss

301 22 0
                                    

     ချစ်ဖို့ကောင်းတဲ့ ကောင်မလေးနဲ့အတူ .....
ကျောင်းတံခါးနောက်မှာ အတူပုန်းအောင်းနေခဲ့တယ်
နှစ်ယောက်လံုးရဲ့အကြည့်က .... တစ်နေရာထဲမှာ

      " ဒါနင့်အကိုလား ..... သူကချောလိုက်တာ "
      " Chimon ..... ငါပြောပါတယ် .... ငါ့အကိုကို
မြင်ရင် နင်ကြွေသွားမှာပါလို့ "

မြင်မြင်ချင်း အချစ်ဆိုတာ အဲ့လိုမျိုးလား
စတိုင်ကျပြီး ..... ချောမောပြီး ...... မိသားစုအသိုင်း
အဝိုင်းကအစ ဘာမှအပြစ်ပြောရက်စရာမရှိတဲ့သူမျိုး

       " ငါ့အကိုက .... အရမ်းသဘောကောင်းတာနော်
အရမ်းလဲ ဂရုစိုက်တတ်တယ် .... ပြီးတော့ အရမ်း
တော်တယ် .... တကယ် သူ့လိုလူမျိုးမရှိနိုင်ဘူး "
      " ဟေ့ .... ဒါနဲ့ .... ငါ့လျို့ဝှက်ချက်ကိုသိတာ
နင်တစ်ယောက်ထဲနော် ..... "
      " ငါတို့က Best Friend တွေလေ ..... နင့်လျို့ဝှက်
ချက်က ငါ့လျို့ဝှက်ချက်ပဲ .... ငါဘယ်တော့မှပြောမှာ
မဟုတ်ဘူး "
        " ဒါနဲ့ ... နင့်အကိုနဲ့ငါ့ကို ဘယ်တော့မိတ်ဆက်ပေးမှာလဲ .... "
       "ငါ့အကိုက လိင်တူစိတ်ဝင်စားမယ်လို့တော့မထင်
ဘူး .... ဒါပေမယ့် နင်ရင်းနှီးချင်ရင်တော့ ..... နောက်
အပတ်နင့်မွေးနေ့ကျရင် ငါခေါ်လာခဲ့မယ် "
      " တကယ်နော် ..... "

ကျွန်တော်တို့တစ်ခန်းလံုး ပျော်ပါးနေခဲ့ကြတာ .....
သောက်တဲ့သူတွေကလဲသောက်ကြပြီး ကခုန်နေတဲ့သူ
တွေကလဲ ကခုန်နေကြတယ် .....
ကျွန်တော်ကတော့ Mine နဲ့အတူ.... အဲ့ကောင်လေးကို
စောင့်နေခဲ့ကြတယ်

      " Chimon !!!! Happy Birthday နော်
နင့်အိမ်ကြီးကကောင်းလိုက်တာ ... ငါတို့ကိုအလည်
လိုက်ပြပါလားနော် ..... "

သူငယ်ချင်းတွေရဲ့ အတင်းအကျပ်ကြောင့် Mine နဲ့
အတူရှိနေရာကနေ .... မသက်သာပဲထွက်လာခဲ့ရတယ်
ပြီးတော့ ကျန်တာတွေကိုမသိတော့ဘူး .....
ကျွန်တော်နိုးလာတော့ .... ဘာမှမမြင်ရတော့ဘူး
အသံတွေ ကိုပဲ ကြားနိုင်တော့တယ်

      " ကျွန်တော်အရက်သောက်ပြီးကားမောင်းတာမ
ဟုတ်ပါဘူး .... "
       " ဆေးစစ်ချက်မှာအဲ့လိုထွက်လာတယ်မလား
ဘယ်ကိုလာလိမ်နေတာလဲ .... အဖေ့အားကိုးနဲ့ ရုန်း
မယ်ဆိုတဲ့အတွေးကိုဖယ်ထားလိုက်ပါ "
       " ကျွန်တော်မသောက်ထားတာကို သက်သေပြ
နိုင်ပါတယ်.... ကျွန်တော့်သူငယ်ချင်းနဲ့တောက်လျှောက်အတူရှိနေတာပါ .... Mine လို့ခေါ်ပါတယ်
သူ့ကိုသက်သေအဖြစ်ခေါ်ပေးကြပါ "

Light Where stories live. Discover now