Part 16:New Chapter

267 26 1
                                    

         ရုံးခန်းထဲကို ယံုကြည်ချက်အပြည့်နဲ့လမ်း
လျှောက်လာတဲ့သူကို တစ်ရုံးလံုးက တအံ့တဩနဲ့
မှင်သေသေလိုက်ကြည့်နေကြတယ် .....
     " သူဒီကိုဘာလာလုပ်တာလဲ .... "
     " သူက ဟိုတစ်ယောက်မလား "
     " မဖြစ်နိုင်တာ ... ဘာလုပ်ဖ်ို့လဲ "

ဘုတ်အဖွဲ့အစည်းအဝေးခန်းထဲကို .... ဩဇာကြီးကြီး
နဲ့ ခွင့်ပြုချက်မရှိ ဝင်ရောက်လာတာနဲ့ တစ်ပြိုင်ထဲ
အစည်းအဝေးကို ဦးဆောင်နေတဲ့ Naron Wachirawit
ကိုတွေ့ရတယ်

       " မင်း ..... မင်းဘာလာလုပ်တာလဲ "
      " မဂ်လာပါ .... Chimon Wachirawit လို့ခေါ်ပါ
တယ် "

ခပ်တည်တည်နဲ့ CEO နေရာမှာဝင်ထိုင်လိုက်တယ်
တစ်ခန်းလံုးကရှယ်ယာရှင်တွေ ရုတ်ရုတ်သဲသဲတီး
တိုးစကားသံတွေထွက်ပေါ်လာတော့တယ်

      " နာမည်တော့ကြားဖူးကြမယ်ထင်ပါတယ် ....
ကျွန်တော့်အဖေက နိုင်ငံရေးနဲ့အလုပ်များနေတော့
CEO နေရာက ခဏတာလစ်ဟင်းနေတယ်ဆိုလို့ ....
ကျွန်တော်ရောက်လာတာပါ ....
ဆေးကုသပြီး ၃ လလောက်အနားထပ်ယူလိုက်တော့
ကောင်းကောင်း အဆင်ပြေသွားပါတယ်
ကျွန်တော်နေမကောင်းတဲ့အတောအတွင်း အကိုက
အများကြီးတာဝန်ယူထားတော့ ပင်ပန်းနေတော့မှာပဲ
အဲ့ဒါကြောင့် ... အကို့ကိုတရားဝင်ရာထူးကပယ်ချဖို့
ကမ်းလှမ်းပါတယ် "

အခုမှပေါ်လာတဲ့ လူငယ်လေးဆီက .... ဒီလိုစကား
ကြားရတော့ အကုန်လံုး အံ့အားသင့်ပြီးတစ်ခန်းလံုး
ကဆူညံနေလေရောပဲ

       " Chimon .... မင်းကဘာအာဏာနဲ့ ငါ့ကိုထုတ်
ပယ်မှာလဲ .... ငါကဒီလုပ်ငန်းကိုဘယ်လိုတိုးတက်
အောင်လုပ်ခဲ့တာလဲ သိရဲ့လား "
        " အကြောင်းရင်းရှိတာပေါ့ ... King Group နဲ့
စာချုပ်ပျက်သွားတယ်မလား "
        " ဘာ ...... "

May ရဲ့အကြောင်းကိုထုတ်ပြောခွင့်လဲမရှိ .....
ဒီနေရာကပယ်ချဖို့လဲ မခံနိင်ဘူး
ဒါ .... Chimon အတွက်အကောင်းဆံုးဆင်ခြေဖြစ်
သွားတာပဲ
   
       " ဒါဆို .... မင်းကရော .... သူတို့နဲ့စာချုပ်ချုပ်နိုင်
မယ်ထင်လား "
       " မထင်ပါဘူး .... စာချုပ်မချုပ်ပါဘူး ....
ကျွန်တော်တို့ဘာသာ ဒီလုပ်ငန်းကိုလည်ပတ်မှာပါ "
       " မဖြစ်နိုင်တာ .... "
       " အဲ့ဒါကိုတော့စောင့်ကြည့်ရမယ်မလား ....
လောလောဆယ်တော့ မဲပေးဖို့ ရက်ပြန်ချိန်းဆိုကြ
တာပေါ့ "

Light Where stories live. Discover now