Part 13: LOVE

217 25 2
                                    

       ဘာလို့ ဒီလောက်ထိ တိတ်ဆိတ်နေတာလဲ .....
ပတ်ဝန်းကျင်မှာတစ်ခြားလူတွေလဲရှိနေတော့ သူ့က်ို
ကောင်းကောင်းလဲစကားပြောလို့မရဘူး ....
ခုနထဲက ငါ့ကိုလဲတစ်ချက်မှမကြည့် .... ဒီတိုင်းကြီး
ငြိမ်ပြီးထိုင်နေတာ .... တစ်ခုခုဖြစ်နေလို့လား

     " ဦးလေး ...... "

တော်တော်ကြာမှ စကားထပြောတာကြောင့် သေချာ
အာရုံစိုက်ပြီးနားထောင်နေမိတယ်

     " ဆရာဝန်ကိုဆေးရုံဆင်းဖို့ မေးပေးပါ ..... "
     " အဲ့ဒါက ..... သခင်လေးကျန်းမာရေးအရ ခဏ
ဆက်နေတာကောင်းမယ်ထင်လို့ "
      " ကျွန်တော် .... နေကောင်းပါတယ် " 
      " Chimon ..... "

Perth ရဲ့စကားသံကြားမှပဲ သူ့ဖက်ကိုလှည့်ကြည့်
တော့တယ် .....

      " ဘာလို့ အဲ့လောက်အလျှင်လိုနေတာလဲ ....
နေကောင်းအောင် အဓိကနေရမှာပေါ့ "
       " နေကောင်းတယ်လို့ ပြောပြီးပြီမလား ..... "

Chimon ရဲ့ခပ်ပြတ်ပြတ်စကားကိုပထမဆံုးကြားဖူး
တာကြောင့် တော်တော်အံ့ဩမိတယ်
ဘာဖြစ်တာလဲ .... မျက်လံုးတွေပြန်ကောင်းလာတာနဲ့
ချက်ချင်းကြီး တခြားလူလိုပြုမူလာတာလား
အကြောင်းရင်းက ဘာလဲ .....

       " ဦးလေး ...... ကျွန်တော်ပြောတာကိုမလုပ်သေး
ဘူးလား "
       " အင်း .... အင်းပါ "
       " ဘာလို့အဲ့လောက်ထိ ..... "
       " အလုပ်လုပ်ရမယ်လေ ..... Perth
ကျွန်တော်နေရာ့ကို ဘယ်သူ့ကိုမှမပေးချင်တော့လို့လေ .... အဲ့ကြောငိ့အလုပ်စလုပ်ရမှာပေါ့
ခဏလောက်နားချင်လို့ .... နောက်မှအေးဆေးပြော
ကြတာပေါ့ "

ချက်ချင်း Perth ကိုကျောပေးပြီး အိပ်နေတော့တာပဲ

        " ချက်ချင်းကြီး ဘာဖြစ်ကုန်တာလဲ Chimon
ငါနားမလည်ပေမယ့် မင်းဆီကစကားတစ်ခုခုကို
စောင့်နေပေးပါမယ် "

Perth ချက်ချင်းလှည့်ထွက်သွားတာလဲသိတယ်
ကျွန်တော့်ကို တစ်ခုခုသံသယဖြစ်နေတာ .... စိတ်ပူနေ
တာလဲ သိတယ်
ဒါပေမယ့် ကျွန်တော်နာကျင်နေတာကိုတော့ Perth မသိနိုင်ဘူးမလား .....
အခုလိုတစ်ယောက်ထဲကြိတ်ငိုနေမိတာကိုတော့ မသိ
ကြဘူးမလား .....
ကျွန်တော်လဲနာကျင်တတ်ပါတယ် .....

Light Where stories live. Discover now