The End

256 21 1
                                    

          " ၃ " နှစ်ဆိုတဲ့အချိန် ......
ပြံုးလိုက်မိတယ် .... အဲ့ပြစ်ဒဏ်ကိုကြားလိုက်ရတဲ့အချိန်
ကျွန်တော်က ချစ်တဲ့သူကို အပြစ်ကင်းကင်း သန့်သန့်
ရှင်းရှင်းချစ်ခွင့်ရပြီမို့လို့လေ .....

        " လူတွေ့ခွင့်ကို ငြင်းဆ်ိုလိုက်ပါတယ် "

အကြိမ်တိုင်းတွေ့ဖို့သွားလဲ အကြိမ်ကြိမ်ပယ်ချတယ်
Chimon မျက်နှာကိုမမြင်ရတာ .... အတော်လေးကြာ
ခဲ့ပြီ ....
သူနေကောင်းရဲ့လား .... ကောင်းကောင်းစားပြီး
နေနေရဲ့လား ..... ပိန်သွားလား
သူနဲ့ပတ်သတ်ပြီးအရာအားလံုးသိချင်နေပေမယ့်
မြင်တွေ့ခွင့်မရသေးဘူး .....

         " ဒီနေ့လဲ မတွေ့ခဲ့ရဘူးလား ... "
         " အင်း .... ဘာဖြစ်လို့လဲနားမလည်တော့ဘူး "
        " သူ့ရဲ့သိမ်ငယ်တဲ့ပံုစံကို မင်းကိုပြရမှာကြောက်လို့ထင်တယ် .... မင်း Frence ကိုမပြန်တော့ဘူးလား "
         " ဘာလို့လဲ .... ငါဒီလုပ်ငန်းကိုဦးစီးလိုက်မှာစိုး
လို့နှင်ထုတ်နေတာလား .... "

တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရီလိုက်မိတယ်
Naron wachirawit နဲ့ဒီလိုပေါ့ပါးတဲ့ ဆက်ဆံရေးရ
လာမယ် .... စကားတွေပြောဖြစ်ကြမယ် မထင်ခဲ့ဘူး
လေ ....

       " စိုးရိမ်မနေပါနဲ့ .... Chimon ပြန်ရောက်လာရင်
သူ့ကို ပေးမှာမလို့လေ "
    
အကုန်လံုးကနောင်တ ကိုယ်စီနဲ့ဆိုတာ ကိုသေချာ
နားလည်လာတယ်....
Naron က သူချစ်တဲ့မိန်းကလေးအသက်ကို သူ့ရဲ့
လောဘနဲ့လဲလှယ်ခဲ့မိတဲ့ နောင်တ ......
May က ကျွန်တော့်ကြောင့်အတ္တများခဲ့မိတဲ့နောင်တ ...
Chimon ကညီမလေးကြောင့်ရခဲ့တဲ့ နောင်တ .....
ကျွန်တော်ကတော့ ..... ဒီကောင်လေးရှေ့ကိုရောက်
လာမိတဲ့ နောင်တ .....

ငါသာမရောက်လာခဲ့ရင် .... အဲ့ညကဆေးရုံကိုသာ
မရောက်သွားခဲ့ရင်
Chimon ကငါ့ကိုမေ့နိုင်ပြီး ကောင်းကောင်းနေနေမှာကို ....
ငါ့ကြောင့် မလား .... သူပင်ပန်းနေရတာ
မြန်မြန်တွေ့ချင်ပြီး မြန်မြန်ထွေးပွေ့ထားချင်တယ် ....

       " ဘာလဲ .... နှစ်ယောက်သား ဝမ်းနည်းတကြီးနဲ့
လေဆိပ်လိုက်ပို့သလို ခံစားချက်ကြီးနဲ့ ....
ငါမကြာခဏ နင်တို့ကိုလာတွေ့နိုင်ပါတယ်နော် "

You've reached the end of published parts.

⏰ Last updated: Jan 14 ⏰

Add this story to your Library to get notified about new parts!

Light Where stories live. Discover now