Chapter 1

15.9K 240 9
                                    

ညမီးရောင်အောက် စားပွဲတစ်ခုတွင် ထိုင်ကာစာရွက်စာတမ်းထံ အာရုံစိုက်နေသည့် အဖြူရောင်ပုံရိပ်လေးက ရှုမငြီးဖွယ်။oversize တီရှပ်ပွလေးနှင့် ဒူးလောက်ဘောင်းဘီတို အစင်းကြားလေး ဝတ် ဆင်ထားသည့် ချမ်း က အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိသည့်တိုင် ဆယ်ကျော်သက်လေးလို နုပျိူနေဆဲဖြစ်သည်။ဘေးတိုက်အနေအထား မြင်နေရသည့် လှ‌ပချောမွေ့သော မျက်နှာလေးက အပြစ်ဆိုဖွယ်မရှိ။မျက်မှန်အကြည်အောက်က မျက်ဝန်း အစုံက စားပွဲပေါ်ရှိ စာရွက်စာတမ်းတွေထံ အာရုံစိုက်ကာ ဟိုစာရွက်ဒီစာရွက် ကူးပြောင်းကြည့်လျက်ရှိသည်။အလုပ်ထဲတွင် ဘယ်လောက်နစ်မြောနေသည်မသိပေ။ နေ ရေချိူးပြီးကာ အနားရောက်လာသည်ကိုပင် ချမ်း သတိမထားမိ။

"မပြီးသေးဘူးလား...ဘေဘီ"

နေ အသံပေးလိုက်မှ ချမ်း အနားသို့ နေ ရောက်လာမှန်းသိကာ နေ့ ကို မော့ကြည့်သည်။

"မပြီးသေးဘူး...မောင်...အောင်လံ ဘက်က မြေကွက် စာရင်းတွေ ဒီနေ့အပြီးစစ်ရမယ်"

ပြောပြီး စာရွက်တွေထံ အကြည့်ပို့သွားပြန်သည်မို့ ‌ချမ်း ဘေးနား ရပ်နေသည့် နေ့ မျက်နှာတင်းခနဲဖြစ်သည်။သား ကျောင်းစတက်ကတည်းက လူကြီးလုပ်ကာ သူတို့နား သိပ်မကပ်တော့သည်မို့ နေနှင့်ချမ်း နှစ်ယောက်လုံး သားကိုမမွေးခင်တုန်းကလိုလွတ်လပ်ရေး ရနေပြီဖြစ်သည်။ချမ်း လည်း သား ပေါက်စလေးတုန်းကလို အနားသိပ်နေပေးစရာမလိုတော့သည်မို့ သူ့ဒယ်ဒီ companyတွင် တရားဝင် အလုပ်ဝင်နေပြီဖြစ်သည်။မြတ်ကုဋေ အမွေကို ဆက်ခံရမည့် တစ်ဦးတည်းသောသူက ချမ်း ပင် ရှိသည်မို့ ဦးကောင်းမြတ်က ချမ်း သူ့companyအလုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်စေလိုသည်။သို့ပေမဲ့ နေ က ချမ်း အလုပ်လုပ်သည်ကို သဘောမကျပေ။

"အချိန်ကိုလည်း ကြည့်အုံးကွာ...နောက်ကျနေပြီ မနက်မှ ဆက်လုပ်တော့"

"စစ်ပြီးတော့မှာပါ မောင်ရဲ့...မောင် အရင်အိပ်နှင့်လေ"

ချမ်း ကို စာရွက်စာတမ်းတစ်ခုကိုမျက်နှာမလွှဲကြည့်နေရင်းမှ နေ့ ဘက်လှည့်မကြည့်ဘဲဆိုသည်။အရင်အိပ်နှင့်ရမယ်။သူ ချမ်း ဘေးမှာမရှိဘဲနှင့် ဘယ်တုန်းကများ အိပ်ပျော်နိုင်လို့လဲ။မနက်ပိုင်းဆိုလျှင်လည်း ချမ်းက သူ့companyသူ သွား၊သူကလည်း companyသွားရသည်မို့ နှစ်ယောက်သား မျက်နှာချင်းတောင်မဆိုင်ရပေ။ညနေဘက် သူ companyက ပြန်လာရင်လည်း အရင်လို အသင့်စောင့်ကြိုသည့် ချမ်း ပုံရိပ်လေးကိုနေ့တိုင်းမမြင်ရပေ။တစ်ခါတစ်လေ ချမ်း က သူ့ထက်ပင်အလုပ်ဆင်း ချိန်နောက်ကျနေတတ်သည်။ညဆိုရင်လည်း အရေးကြီးသည့်စာရင်းတွေ စစ်သည်ရှိသည်။ပင်ပန်းမှာစိုး၍ ‌သူ စောစောအိပ်ခိုင်းတတ်သည်နှင့် နှစ်ယောက်အရင်လို တပူးပူးကပ်ကပ်လုပ်၍ ချစ်ကြည်နူး ချိန်ပင်မရှိ။ဒီညတော့ နေတကယ်စိတ်တိုနေပြီဖြစ်သည်။

Falling in love with my husband (season 2)Where stories live. Discover now