Chapter 8

3K 80 0
                                    


အခန်း "8"

တောင်ခနဲ ဝင်လာသည့် messageသံကြောင့် ကွန်ပျူတာခလုတ်ပေါ်ရွေ့လျားနေသည့် နေ့လက်အစုံချက်ချင်းရပ်တန့်သွားကာ အသံလာရာဆီ အကြည့်ရောက်သည်။‌ချမ်းက နေ့အလုပ်စားပွဲနဲ့ခပ်လှမ်းလှမ်းရှိ ဆိုဖာပေါ်တွင်ပစ်မှီထိုင်နေကာ ဖုန်းကြည့်နေခြင်းဖြစ်သည်။ရှေ့စားပွဲတွင်လည်း ကြက်ကြော်စားချင်တယ်ဆို၍ မှာပေးထားသည့် ကြက်ကြော်ပန်းကန်နဲ့ ဆော့စ်ဘူးရှိသည်။စာရိုက်သံ၊စာဝင်သံတွေက အဆက်မပြတ်မို့ နေ မျက်ခုံးကျူံ့မိသည်။social mediaသိပ်သုံးလေ့မရှိသည့် ချမ်းက Youtubeလောက်ပဲအကြည့်များသည်။facebookတောင် သိပ်မကြည့်ဖြစ်သည့်ချမ်းက messenger ဝင်ဖို့ဆိုဝေးရောပင်။အခုက စာ‌ဝင်သံတွေ တစ်တောင်တောင်ဖြစ်နေတာဖြစ်သည်။ဘယ်သူနဲ့ စကားပြောနေတာလဲ။

နေ မနေနိုင်တော့ ချမ်း ရှိရာဆိုဖာနားလျှောက်လာမိသည်။ချမ်းက တစ်စုံတစ်ရာကိုအံ့သြ‌နေသည့် ပုံစံနှင့်မျက်လုံး‌လေးတွေဝိုင်းနေကာ တစ်ဖက်ကို စာအသည်းအသန်ရိုက်ပို့နေသည်။နေ သူ့နားရပ်လာသည်ကိုတောင် သတိမထားမိ။နေက ရှပ်အဖြူကိုအပေါ်ကြယ်စေ့နှစ်လုံးခန့်ဖြုတ်ထားပြီးစတိုင်ပင်လ်အနက်နဲ့တွဲဝတ်ထားသည်။အင်ကျီလက်ကို တံတောင်အထိခေါက်တင်ထားသည်မို့ သွေးကြောစိမ်းတွေ ထင်းနေသည့် နေ့လက်အစုံက ထင်ထင်ရှားရှား။သူ အနားရောက်လာသည်ကိုတောင် သတိမထားမိသည့် ချမ်း ကြောင့် နေ က မျက်ခုံးကြီးကျူံ့ထားကာ မျက်နှာကြီးကတည်တင်းနေသည်

"‌ရွှတ်!!"

ရုတ်တရက်ပါးပြင်သို့ကျလာသည့် အနမ်းကြမ်းကြမ်းကြောင့် ချမ်း လန့်သွားရကာမျက်လုံးလေးပြူးသည်။

"လန့်လိုက်တာ မောင်ရယ် အနားကို ဘယ်အချိန်တုန်းက ရောက်နေတာလဲ"

"မောင် ရောက်နေတာကြာပြီလေ..ဘေဘီက ဘယ်သူနဲ့စာပို့နေလို့ မောင် ရောက်နေတာတောင်မသိရတာလဲ"

"မြတ်ကိုပါ မောင်ရဲ့ သဝန်တိုမနေနဲ့...လာဖတ်ကြည့်အုံး"

ချမ်း စကားကြောင့် နေ ချမ်းဘေးတွင်ပူးပူးကပ်ကပ်ဝင်ထိုင်လိုက်သည်။ချမ်း ထိုးပြသည့် ဖုန်းကိုယူကြည့်လိုက်တော့ တစ်ဖက်မှ လက်တွင်စက်တပ်ထားသလားမှတ်ရအောင် စာတွေ တစ်စောင်ပြီးတစ်စောင်ရ်ုက်ပို့နေသည်။

Falling in love with my husband (season 2)Where stories live. Discover now