Chapter 27

2.1K 60 0
                                    




"ပြန်လာပြီလား"

သူရှိရာ ထမင်းစားခန်းထဲ ဝင်လာသည့် ခြေသံလေးကြောင့် ဦးထည်က ချက်ပြုတ်နေရာမှ လှည့်ကြည့်မေးသည်။

"ပြန်လာပြီ ဘိုးဘိုးလေး"

ပြန်ဖြေသည့် ဆန်းလေးအသံလေးက စိတ်ပျက်မှုတို့ ရောနေသလို မျက်နှာလေးလည်း မကောင်းပေ။သူတွေ့ချင်သည့် ကိုကို့မျက်နှာလေးအား ခဏလေးတင် တွေ့ခဲ့ရသည် မဟုတ်လား။သူ ဇွတ်နေလျှင် ကိုကို့အဘွား လိုက်ရိုက်မည်စိုး၍ အိမ်ဘက်ပြန်လှည့်ပြန်ခဲ့ရသည်။

"ဘာဖြစ်လာတာလဲ ကိုယ်တော်ချောလေး.....အဘွားအို က မင်းကို ဆော်ပလော်တီးလိုက်လို့လား"

ဦးထည်က ဆန်းလေး မျက်နှာအနေအထားကို တစ်ချက်ကြည့်ပြီး မီးဖိုမီးပိတ်ကာ ဆန်းလေးနားရောက်လာသည်။ဟိုဘက်ခြံမှ အဘွားအိုက စိတ်သိပ်မနှံ့ပေ။သူ့ခြံထဲ ဝင်လာသည့် လူတွေအား စိတ်မထင်ရင်မထင်သလို့ တောင်ဝှေးဖြင့် လိုက်ရိုက်တတ်သေးသည်။အဲဒါကြောင့် သူ ဆန်းလေးကို မသွားစေချင်တာဖြစ်သည်။ကောင်ငယ်လေးက သူ့စကားဆုံးအောင် နားမထောင်ပဲလှစ်ခနဲ ပြေးသွားသည်။အဘွားအိုက ရုးနေသော်လည်း ဉာဏ်ကောင်းသည့် အရုးပါးဖြစ်သည်။သူ့မြေးငယ်လေးနှင့် သူ့မကိုသူမအတွက် သိတတ်လှသည်။

ဂုဏ်ထည်က ဆန်းလေးအနားရောက်လာပြီးဆန်းလေး လက်ကိုဆွဲယူစစ်ဆေးကြည့်ရင်းမှ မေးသည်။

"အရိုက်မခံရဘူး ဘိုးဘိုးလေး သား ပတ်ပြေးလာတာ......ကိုကို့အဘွားက ဘာလို့အဲလောက်တောင် ဆိုးနေတာပါလိမ့်"

ဆန်းလေးက မျက်နှာလေးမဲ့ပြောတော့ ဦးထည်က သဘောကျစွာတဟားဟားအော်ရသည်။မတ်တပ်ရပ်နေသော ဆန်းလေးကို ထမင်းစားပွဲဘေးခုံတွင် ထိုင်စေသည်။ပြီးနောက် ရေကရားထဲမှာ ရေတစ်ခွက်ငှဲ့ပေးကာ ဆန်းလေး ရှေ့တိုးချပေးသည်။ဒီကောင်လေး ပတ်ပြေးလာခဲ့ရ၍ ရေဆာနေမှာစိုးသောကြောင့်ဖြစ်သည်။ဆန်းလေးက ရေခွက်‌ကိုယူကာ မော့သောက်သည်။အပြည့်နီးပါးထည့်ထားသည့် ရေကို တစ်ကျိူက်တည်းအကုန်မော့သောက်ပြီးပြန်ချသည်။

"ငါ့မြေး....ဘိုးဘိုးလေးပြောမယ်...အဲဒီအဘွားကြီးက မင်းတို့ငါတို့လို ဦးဏှောက်က သိပ်မပြည့်ဘူး...ရှင်းရှင်းပြောရရင် ယဉ်ယဉ်လေးရုးနေတာကွာ....အဘွားကြီးကို ရန်သွားမစမိစေနဲ့....အဆဲသန်သလို၊အရိုက်လည်း သန်တယ်နော်..မင်းသူ့မြေးကို သွားသွားဖွန်မကြောင်နဲ့"

Falling in love with my husband (season 2)Where stories live. Discover now