Chapter 13

2.9K 80 0
                                    


အခန်း   13

နေ ပြန်ရောက်လာတော့ ချမ်းက အိမ်ပေါက်ဝတွင်  ပြုံးပြုံးလေးရပ်လျက် စောင့်ကြိုနေတာဖြစ်သည်။ရေချိူးပြီးကားစ ချမ်းက စိမ်းနုရောင် ရှပ်ပွပွလေးနှင့် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားသည်။နေ ကားပေါ်မှ ဆင်းလိုက်သည်နဲ့ နုသစ်ချောမောနေသည့် ချမ်း မျက်နှာလေးကို တွေ့လိုက်ရသဖြင့် ပင်ပန်းခဲ့သမျှ အကုန်ပြေပျောက်ကုန်သည်။
နေ ကားပေါ်မှဆင်းလာသည်နဲ့ ချမ်း က နေ့လက်မောင်းကို ပြေးခိုတွဲသည်။

"မောင့် ကိုပြောပြစရာရှိတယ်"

"အင်း..ထူးထူးဆန်းဆန်းပါ့လား ဘာပြောမှာလဲ"

နေတို့ နှစ်ယောက် အိမ်ထဲဝင်လာစဉ် ကိုတိုးက နေ့ အိတ်ကို ဆွဲပြီး နောက် က ခပ် သွက်သွက်လိုက်လာသည်။ချမ်း က စကားပလင်ခံကာ ပြောလာသည့် အတွက်ကြောင့် နေ ချမ်း မျက်နှာလေးကို ချစ်စနိုးငုံ့ကြည့်ပြီး မျက်ခုံးပင့်ကာ ဆိုသည်။ချမ်း က ခြေဖျားလေး ထောက်ကာ နေ့ နား နားနှုတ်ခမ်းလေးကပ်ပြီး တိုးတိုးလေးပြောလာသည်။

"မောင် ချမ်းဗိုက်ထဲမှာ နောက်ထပ်ကလေးလေး ရှိနေပြီ"

ဟူသည့် စကားသံတိုးတိုးလေးက နေ့ နားစည်ထဲ ရိုက်ခတ်ပြေးသွားသည်။နေ မျက်ဝန်းအစုံကသာမန်ထက် ပိုကျယ်လာကာနေ့မျက်နှာထက်ဝမ်းသာ‌ ပျော်ရွှင်ရိပ်တို့ချက်ချင်း ထင်ဟပ်သည်။

"ဘေဘီ တကယ်ပြောနေတာလား"

နေ က ချမ်း ဗိုက်လေးကို ငုံ့ကြည့်ကာ သူ့လက်ဖဝါးပြင်ကြီးဖြင့် ဖွဖွ အုပ်ကိုင်လာရင်းမှ မေးသည်။

"အင်း"

ချမ်း က အပြုံးလေးဖြင့် ခေါင်းငြိမ့်သည်။နေ ပျော်ရွှင်မှုတို့ကို ထိန်းမရ။

"ပျော်လိုက်တာကွာ..မောင့် မိန်းမက အရမ်းတော်တာပဲ"

"အမေ့!..မောင်"

နေ က ရုတ်တရက်ချမ်း ကိုယ်လုံးလေးကို ပွေ့ချီယမ်းလိုက်သဖြင့် ချမ်း  နေ့လည်ပင်းကို အမြန်သိုင်းဖက်မိသည်။နေ က သွားတန်းတွေ ပေါ်အောင်ရယ်ရင်းမှ ချမ်း ကိုယ်လုံးလေးကို  ပွေ့ချီကာ နှစ်ပတ်သုံးပတ်ပွေ့ချီယမ်းပြီးမှ အောက်ကိုပြန်ချပေးသည်။သို့တိုင် ချမ်း ခါးသွယ်လေးကို ပွေ့ဖက်ထားဆဲဖြစ်သည်။

Falling in love with my husband (season 2)Where stories live. Discover now