Chapter 20

3.6K 89 10
                                    


အခန်း  "20"


"မောင်...ဘာဖြစ်လို့လဲ မစားဘူးလား"

ချမ်းက အရွက်တွေ ဟော့ပေါ့အိုးထဲ ထည့်လိုက်ရင်း  နှာခေါင်းရှုံ့နေသည့် နေ့ကို လှမ်းမေးသည်။နေ  ဟော့ပေါ့ကြိုက်ပေမဲ့ ခု အနံ့က တစ်မျိူးကြီးဟု ခံစား‌ နေရသည်။သူ စိတ်ထင် လို့များလား။

"ဘာမှ မဖြစ်ဘူး ဘေဘီ..စား "

နေ က ချမ်းကို ပြောပြီး စားရန် တူကိုင်လိုက်စဉ်..

"ဟို..အကိုတို့..."

ကောင်မလေး တစ်ယောက်က နေတို့ စားပွဲဝိုင်းနား ရပ်လာသည်။နေနှင့် ချမ်း ပြိုင်တူ မော့ကြည့်ကြသည်။ယောကျာ်းဆန်စွာ ချောမောသည့် မျက်နှာနှင့် နူးညံ့လှပသည့် မျက်နှာ နှစ်ခုက ပြိုင်တူ လှည့်ကြည့်လာသဖြင့် သူမ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။တစ်ယောက်က စူးရှသည့် မျက်ဝန်းအကြည့်တွေနဲ့ တည်ကြည်သည့် မျက်နှာထား၊တစ်ယောက်က မျက်တောင်ထူကော့ကော့လေးတွေနဲ့ စူးစမ်း နူးညံ့သည့် အကြည့်လေးဖြင့် မော့ကြည့်သည်။

သူမ ယောင်ယောင်မှားမှားပြုံးပြလိုက်ပြီး....

"ဟို..အကို..အကို့ နာမည်လေး သိ..သိလို့ရမလား ဟင်"

သူမ နူးညံ့ပုံရသည့် ကောင်လေးကိုကြည့်ကာ ဦးတည်မေးလိုက်သည်။ကျန်သည့် တစ်ယောက်ထံ သူမလှည့်မကြည့်ပေမဲ့ ထိုလူက  အကြည့်စူးစူးတွေဖြင့် သူမအား စိုက်ကြည့်နေသည်ကို ခံစားမိပါသည်။အမယ်လေး ကျောချမ်း လိုက်တာ။

"ဒီမှာ...မင်းက ဘာကိစ်စ နာမည်သိချင်ရတာလဲ"

"မောင်"

နေ က အသံမာမာဖြင့် ပြောတော့ ချမ်းက တားမြစ်သလို  နေ့ကိုခေါ်သည်။ကြားလိုက်ရသည့် ခေါ်သံလေးကြောင့် သူမရင်ထဲ လိပ်ပြာတွေ ဖလပ်ဖလပ် ထပျံနေပြီဖြစ်သည်။အမယ်လေးးအမယ်လေး နားဝင်ချိူလိုက်တာ။မောင် တဲ့။ငါ သေလို့ရပြီ။ဒီဘက်ကအရပ်ရှည်လူကြီးက seme။ဒီဘက်က ဖြူအုနုနေသည့် ကောင်လေးက ukeလေး..။

"ဟေ့..မေးနေတာကြားလား"

သူမေးတာကို မဖြေ‌ပဲ မတ်တပ်ရပ်ကာ ပြုံးပြုံးကြီး လုပ်နေသည့် ထိုကောင်မလေးအား နေ ထပ်မေးသည်။

Falling in love with my husband (season 2)Where stories live. Discover now