Chapter 26

2.3K 65 0
                                    





"ဒါက မင်း  အကြိုက်ငါးပေါင်း....အန်တီအရိုးနွှံပြီးသား...စား "

ဒေါ်ညိုညိုသက်က မော်ဇင့် ပန်းကန်ထဲ အရိုးနွှင်ပြီးသား ငါး ပေါင်းထည့်ပေးကာဆိုသည်။သူမ မော်ဇင့်အတွက် အမေကောင်းတစ်ယောက်ဖြစ်ပေးချင်ပေမဲ့ မော်ဇင်က အမေဟုသုံးတာမကြိုက်တော့ အန်တီဟုပင်ပြောင်းသုံးသည်။

မော်ဇင်က ထမင်းဖြူကို ဇွန်းဖြင့် ဖြည်းဖြည်းခပ်စားနေကာဘာမှ ပြန်မဆိုပေ။သော်ဇင်နှင့်မြတ်ကိုက မော်ဇင့်နှင့်အန်တီကြီးရဲ့ အခြေအနေကို ထမင်းစားရင်းမှ တိတ်တဆိတ်အကဲခတ်သည်။သော်ဇင်က စားလက်စ ဇွန်းကို ချပြီး မြတ်ကို အတွက် ဖန်ခွက်ထဲသို့ ရေငှဲ့ပေးသည်။သော်ဇင်နှင့်မြတ်ကိုက ဘယ်ဘက်ခြမ်းမှာ တွဲထိုင်နေကြပြီး အန်တီကြီးနှင့်မော်ဇင်က ညာဘက်ခြမ်းမှာ ထိုင်နေကြတာဖြစ်သည်။ တိတ်တဆိတ်စားနေကြသည့် ထမင်းဝိုင်းတွင် ဖန်ခွက်ထဲသို့ ရေကျသံက ကျယ်လောင်ပီသစွာ ထွက်ပေါ်လာသည်။စားသောက်နေသည့် မော်ဇင်ရပ်တန့်သွားပြီး.....

"ကိုကြီး...ကျွန်တော်လည်း ရေသောက်ချင်တယ်"

သော်ဇင်တို့ရှိရာဘက်မျက်နှာမူပြီး ပြောသည်။လှုပ်ရှားမှုကင်းမဲ့သည့် မျက်လုံးသေလေးအစုံကတော့ ဦးတည်ရာမရှိ။မော်ဇင့်စကားကြောင့်မြတ်ကိုကပါးစပ်ထဲရှိ ထမင်းလုတ်ကိုပါး‌လေးဖောင်းအောင်ဝါးစားနေရင်းမှ မော်ဇင့်ကို မျက်လုံးပင့်ကြည့်သည်။
သော်ဇင်နှင့်မော်ဇင် ထိုင်နေသည်က နည်းနည်းလှမ်းသည်မို့  သော်ဇင် မော်ဇင့်ရှေ့ရှိ ဖန်ခွက်ထဲသို့ ရေလှမ်းထည့်ပေးဖို့ အဆင်မပြေပေ။အန်တီကြီးက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး.....

"အန်တီ ရေထည့်ပေးမှာပေါ့"

ပြောပြောဆိုဆို ရေကရားကိုလှမ်းယူသည်။မော်ဇင့် မျက်ခုံးတန်းလေးတွေ ကျူံ့ခနဲဖြစ်သွားပြီး....

"ကိုကြီးထည့်တာပဲ သောက်ချင်တယ်...အရင်ကဆို ကိုကြီးနဲ့အတူ ထမင်းစားတိုင်း ကိုကြီး ညီ့ကိုရေထည့်ပေးနေကျလေ"

ထိုသို့ဆိုတော့ ရေထည့်ပေးရန်ပြင်နေသည့် အန်တီကြီး လက်တန့်သွားသည်။

Falling in love with my husband (season 2)Where stories live. Discover now